Skip to main content

Posts

အဋ္ဌာနမေတံဂါထာရွတ်ရခြင်းအကျိုး

မောင်သက်ဦးသည်ကချင်ပြည်နယ်စပ်မြို့တစ်ခုတွင်တာဝန်ကျ နေ သောဝန်ထမ်းတစ်ဦးဖြစ်သည်။သူ၏ဇနီးမှာမဝင်းဝင်းဖြစ်သည်။သူတို့တွင်၃နှစ်အရွယ်သမီးလေးတစ် ယောက်ရှိသည်။သူတို့မိသားစုသည်ရုံးဝန်ထမ်းအိမ်ယာတွင်နေကြသည်။မောင်သက်ဦးလစာနှင့်သူတို့မိသားစုလုံ လောက်စွာစားနိုင်ကြသည်။မဝင်းဝင်းက စေ့စပ် သေချာသူဖြစ်၍ငွေပိုရ အောင်သူတို့ နေ သောအိမ် နောက် ဖေးတွင်ရာသီအလိုက်သီးနှံများစိုက်ထားသည်။မီးဖိုချောင်စရိတ်သက်သာ၍လစဉ်ငွေပိုစုမိသည်။မောင်သက်ဦးရုံးသွားချိန်တွင်မဝင်းဝင်းက တော့ထမင်းဟင်းချက်ကလးထိန်းအိမ်မှု့ကိစ္စများနဲ့သာအချိန်ကုန်ခဲ့သည်။တစ် နေ့မှာမောင်သက်ဦးရာထူးတိုးပါ လေပြီ။ယခုနေ သောမြို့နှင့်၁၅မိုင်ကွာ သောတရုတ်ပြည်နှင့်အနီးဆုံးနယ်စပ်မြို့ကို ပြောင်းရမည်ဖြစ်သည်။မောင်သက်ဦးတို့မိသားစုသည်ယခု နေ သောမြို့ လေးကိုခင်တွယ် ပေမယ့်ဝန်ထမ်းတို့ထုံးစံအတိုင်း ပြောင်းရ လေဦးမည်။ဒီလိုနဲ့မောင်သက်ဦးတို့မိသားစုရာထူးတိုးကျ သောမြို့သို့ ပြောင်းကြ လေပြီ။ပြောင်းရ သောမြို့လေးသည်မြို့ငယ် လေးသာဖြစ်သည်။တရုတ်၊လီဆူ၊ကချင်ရဝမ်၊ဝလူမျိုးများ နေထိုင်ကြသည်။နယ်စပ်အစွန်ဆုံးမြို့ဖြစ်၍မူးယစ် ဆေးသုံးသူလူငယ်များလည်းပါကြသည်။ဒါ ကြောင်းမကြာခဏလုယက်မှု့များဖြစ်ကြသည်။မောင်သက်ဦးတ...
Recent posts

အစွဲ

ဦးမြမောင်သည်အသက်၅၀ ကျော်အမျိုးသားတစ် ယောက်ဖြစ်သည်။သူ၏ဇနီးဒေါ်မမသည်၄၅နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်သည်။သူတို့တွင်သားသမီးမရှိကြပါ။ဒါကြောင့်သူတို့ပိုင်သောလယ်ယာများကိုစာရင်းငှားနှင့်ငှား၍လုပ်ကြရသည်။နွားများကိုတော့ဦးမြမောင်ကိုယ်တိုင်ပင် ကျောင်းလေ့ရှိသည်။နွား၅ကောင်ကိုရွာနှင့်မနီးမ ဝေးရှိတောရ ကျောင်း လေး ဘေးကမြက်ခင်း တွေမှာသွား ကျောင်းလေ့ရှိသည်။မနက်၁၁နာရီထမင်းစားပြီးချိန်တွင်ဦးမြ မောင်နွား ကျောင်းသွားသည်။ညနေ၃နာရီခွဲတွင်အိမ်ပြန်လာ လေ့ရှိသည်။တခါတရံနွားကျောင်းသည့်အနီးရှိတောရ ကျောင်းဘုန်းဘုန်းထံသွား ရောက်၍လည်းဂါဝရပြုတတ်သေးသည်။တောရကျောင်းရှိကပ္ပိယကြီးနှင့်လည်းစကားလက်ဆုံကျတတ်သေးသည်။ဒေါ်မမကတော့ တောရ ကျောင်းသို့ဆွမ်းဝတ်ကျမှသာဆွမ်းပို့ရောက် တော့သည်။ညနေနွားသိမ်းပြီးအိမ်ပြန်ချိန်တွင်လမ်းမှာတွေ့သောတောပန်းလှလှလေးများကိုသူ့ဇနီးအတွက်ခူးခဲ့တတ် သေးသည်။အထူးသဖြင့် ဆောင်းရာသီ အေးချိန်ပွင့်တတ် သောခအုံးပန်းဟု ခေါ်သောပန်းဖြူဖြူ လေးများဖြစ်သည်။ထိုပန်းဖြူဖြူမွှေးမွှေးလေးများကိုဇနီးသည်ဒေါ်မမအလွန်ကြိုတ်သည်။အိမ်ပြန် ရောက် ရေမိုးချိုးပြီးချိန်ဇနီး၏သနပ်ခါးဖွေးဖွေးပန်းမွှေးမွှေးနှင့်မြင်ရသည်မှာဦးမြ မောင်အတွက်မရိုးနိုင် သ...

မြင်အပ်မမြင်အပ်သော

သက်ထားတစ်ယာက်ညရောက်လာမှာ ကြောက်မိသည်။အဘယ်ကြောင့်ဆိုသော်သက်ထားတို့ ပြောင်းလာသောအိမ်ငှားအိမ်ကြီးသည်ညဆိုရင်အသံမျိုးစုံနှင့်အိပ်မရ သော ကြောင့်ဖြစ်သည်။လူရင်းမရှိသောမြို့တစ်မြို့တွင်အိမ်ငှားရှာရတာမလွယ်လှပါ။တွေ့တော့လည်းဈေးလည်းအဆင် ပြေ၊နေရာထိုင်ခင်းလည်းသဘောကျ၍ပတ်ဝန်းကျင်ကိုမ မေးမြန်းဘဲပွဲစားလက်ထဲမှာပင်အိမ်ငှားစာချုပ်ချုပ်ခဲ့ကြသည်။၆လစာချုပ်တခါတည်းချုပ်ရသည်။အိမ် လေးမှာတစ်ထပ်တိုက်လအခန်းဖွင့်လည်းကျယ်သည်။ခြံထဲမှာပန်းပင်တွေအစုံနေချင်စရာလေးဖြစ်သည်။ခြံနောက် ဖေးမှာလည်းသရက်ပင်၊အုန်းပင်တွေလဲရှိသည်။သက်ထားတို့မိသားစုသည်၄ယောက်သာရှိသည်။သက်ထားအပါအဝင်ဖေဖေမေမေမောင်လေးတို့ဖြစ်သည်။သက်ထားတို့အိမ်ကြီးကိုရောက်လာတာ၂ရက်ရှိပြီ။တစ်ညမှကောင်းကောင်းမအိပ်ရ သေးပါ။နေ့ဆိုရင် တော့ပုံမှန်အတိုင်းဘာမှမဖြစ်ပါ။ည၉နာရီကျော်ရင်ဇာတ်လမ်းကစလာပါပြီ။သက်ထားကမကြောက်တတ်သူမို့အသံကြားရာဓါတ်မီးထိုးကြည့်သည်။ဘာမှမမြင်ရပါ။ည၉နာရီဆိုရင်အသံစကြားရတာကမီးဖိုခန်းမှဖြစ်သည်။အိုးခွက်တွေလွှင့်ထုသံဖြစ်သည်။၁၀မိနစ်လောက်ဆက်တိုက်ကြားရသည်။သက်ထားတို့မောင်နှမမီးဖိုခန်းကိုသွား ချောင်းကြည့်ကြသည်။အိုးခွက် တွေကသူ့ ‌ေနရာနဲ့သူကှိရက်နဲ့အသံ တွေဘဲကြားနေရသည်။သက်ထားမေတ္တာပို့အမ...

အင်္ဂုလိမာလသုတ်ရွတ်ရခြင်းအကျိုး

မခင်ခင်နှင့်မာင်သစ်လွင်တို့ဇနီးမာင်နှံသည်အစိုးရဝန်ထမ်းများဖြစ်ကြသည်။သူတို့တွင်သမီး၂ယောက်ရှိကြသည်။သမီးကြီးမှာ၅နှစ်မြစ်ပြီးသမီးငယ်လေူက၂နှစ်အရွယ်ဖြစ်ကြသည်။မခင်ခင်တို့ဇနီးမောင်နှံသည်တာဝန်ကျရာ နေရာလည်းတူကြသည်။ထိုကြောင့်မိသားစုအတူ‌ေနနိုင်ကြသည်။မခင်ခင်မှာသူတို့၂ယောက်ရ သောလစာ လေးနှင့်စားဝတ် နေရေးကို ခြွေတာဖြေရှင်းပြီး သမီး၂ယောက် ရှေ့ရေးအတွက်ဘဏ်စုစာအုပ်လေးဖြင့်စုထားခဲ့သည်။သူတို့မိသားစုသည်တစ်ယောက်နဲ့တစ်ယာက်ချစ်ချစ်ခင်ခင်နေကြကာရန်မဖြစ်ကြပေ။သူတို့တာဝန်ကျရာကျောင်းမှာပင်သမီး၂ယောက်ကိုမူကြိုထားခဲ့သည်။သူတို့မိသားစုသည်တစ်ဦးနဲ့တစ်ဦးကူညီကြ၍မခိုကပ်ဘဲနိုင်ရာတာဝန်ထမ်းကြသည်။မခင်ခင်မအားလျှင်မောင်သစ်လွင်ကထမင်းဟင်းချက်သည်။သမီးကြီးကညီမလေးနဲ့အတူဆော့ပြီးကလေးထိန်းကူသည်။အလွန်စိတ်ချမ်းသာစရာကောင်းသောမိသားစုဖြစ်လေသည်။ဒီလိုနဲ့တစ်ရက်မှာတော့ခင်ခင်တို့မိသားစုထဲသို့နောက်ထပ်ရတနာလေးတစ်ယောက်တိုးလာပါသည်။ခင်ခင်နှင့်သစ်လွင်တို့အလွန်ပျော်ကြပါသည်။သူတို့ကသားသမီး၃ယောက်ယူမည်ဟုဆုံးဖြတ်ထားသောကြောင့်ပေတည်း။မခင်ခင်မှာကိုယ်ဝန်ရှိလာတော့မောင်သစ်လွင်တစ်ယောက်အိမ်ထောင်တာဝန်ပိုထမ်းရပြီပေါ့။အလေးအပင်မတာတွေမခင်ခင်ကိုမလုပ်ခိုင်းပါ။ထမင်းဟင်းချက်အဝတ်လ...

သမ္ဗုဒ္ဓေဂါထာရွတ်ဖတ်ရခြင်းအကျိုးကျေးဇူး

                မေစုသည်၁၀တန်း အောင်ခါစတက်သစ်စလူငယ် လေးတစ် ယောက်ဖြစ်သည်။သူမ၏ဖခင်သည်အစိုးရဌာနတစ်ခုတွင်ဌာနဆိုင်ရာလူကြီး၏ကားဒရိုင်ဘာတစ်ယောက်ဖြစ်သည်။ထိုဌာနသည်ဝင်ငွေ ကောင်း သောဌာနတစ်ခုဖြစ်သည်။ဒါကြောင့် မေစုလည်းထိုဌာနတွင်အလုပ်လုပ်ချင် ကြောင်းဖခင်ကိုပူဆာခဲ့သည်။၁၀တန်းအောင်ပြီးခါစတက္ကသိုလ်မတက် သေးခင်အိမ်တွင်အလကားမနချင်ဘဲအလုပ်လုပ်ချင် သော သမီး၏ဆန္ဒကိုဖခင်တစ်ယောက်အ နေနဲ့ဖြည့်ဆည်း ပေးရန်ကြိုးပမ်းခဲ့သည်။ထို့ကြောင့်မိမိအထက်လူကြီးအားအလုပ်အကိုင် နေရာတစ်ခုသမီးအတွက် ပေးရန်အကူအညီ တောင်းခံခဲ့သည်။လူကြီးကအစိုးရဝန်ထမ်းအလုပ်မဟုတ်သေးဘဲယာယီနေ့စားအနေဖြင့်အလုပ်တစ်နေရာ ပေးမည်ဟုအလုပ် လျှောက်လွှာဖောင်တင်ခိုင်းသည်။လစာမှာ၁၅၀၀၀ဖြစ်သည်။မေစုအလုပ်လုပ်ရ တော့မည်ဖြစ်၍အလွန် ပျော်ခဲ့သည်။ထိုအလုပ်မှရသောလစာဖြင့်အဝေးသင်တက္ကသိုလ်တက်နိုင်မည်ဖြစ်သည်။ဒီလိုနဲ့မေစုတစ် ယောက်ယာယီအလုပ်တစ်ခုရခဲ့သည်။အလုပ်ကစာရေးအလုပ်ဖြစ်သည်။အလုပ်ရှုပ်ရင်ရှုပ်သလိုဘောက်ဆူးလည်းရသည်။နေ့ ရောညပါတခါတ လေအလုပ်ဆင်းရသည်။အလုပ်မှရ သောလစာနဲ့ဘာက်ဆူးမုန့်ဖိုးများကို စုဘူးနဲ့ သေချာစုထားပြီးအ ဝေးသင်တက်ချိန်တွင်ထိုပိုက်ဆံနဲ့ပင် ကျ...

ခန္ဓသုတ်အစွမ်းအံ့မခန်း

                    ကျွန်မ ရှမ်းပြည်မြောက်ပိုင်းနယ်စပ်တစ်ခုမှာ တာဝန်ကျတုန်းကိုယ်တွ့ဖြစ်ရပ်တစ်ခု ပြောပြချင်ပါတယ်။သူငယ်ချင်းတစ်ယောက်နှင့်အတူရွာကျောင်းတစ်ခုမှာတာဝန်ကျပါတယ်။ ရောက်စက ရွာ လေးက အေးချမ်းပြီး တော တောင်ရိပ်၊စမ်းချောင်းလေးနဲ့ပျော်စရာလေးပေါ့။ကျောင်းကတော့ရွာအဝင်မှာရှိပါတယ်။တောင်ကုန်း လေးနှစ်ခုကဆင်းလာရင် စာသင် ကျောင်းလေးအရင် တွေ့ရတာပါ။ကျွန်မတို့အတွက်အိမ်လေးကတော့ရွာထဲမှာဆောက်ပေးထားပါတယ်။ခုမှကောလိပ်ဆင်းတက်သစ်စဆရာမ လေး တွေဆို‌ တော့စာသင်ဖို့သင်ပြနည်း တွေလက်‌‌တွေ့သင်ကြားပေးဖို့စိတ်အားထက်သန်မှုအပြည့်နဲ့ ပေါ့။ကလေး တွေနဲ့ရွာသူရွာသားတွေကလည်းဆရာမတွေကိုချစ်ခင် လေးစားမှု့ရှိကြပါတယ်။သူတို့ဆီမှာရှိတဲ့စားစရာတွေရာသီ ပေါ်သီးနှံ တွေပေးကြပါတယ်။စမ်း ချောင်းလေးရော ရှိတော့ငါးကတော့ခဏတိုင်းစားရတာ‌ ပေါ့ရှင်။ကျွန်မတို့ကလည်းသူတို့‌‌စေ တနာကိုအလဟဿမဖြစ်ရ အောင် ကလေးတွေကိုကြိုးစားပီးစာသင် ပေးကြပါတယ်။ နေ့ဆိုမနက်၈နာရီခွဲမှာကျောင်းတက်ပီးညနေ၃နာရီခွဲမှာ ကျောင်းဆင်းပါတယ်။ရွာကလူတွေကတစ်နေကုန် တောင်ယာသွားကြ တော့နေ့ဆိုရင်ကလေးတွေကျွန်မတို့နဲ့သက်ကြီးရွယ်အိုတွေဘဲရွာမှ...

ဘ၀မှာ အောင်မြင်ချင်ရင် တရားထိုင်ပါ

တရားထိုင် တယ်ဆိုတဲ့စကားလုံးကိုမြင်တာနဲ့ လူတော်တော်များများက နိဗ္ဗာန်ရောက်ကြောင်းကို ပဲ ပြေးပြီး မြင်ကြတယ်။ ငါတို့က လောကီစည်းစိမ်တိုးတက်ချင်တာမို့ ဂါထာရွတ်မယ် အဓိဌာန်ဝင်တာတွေပဲစိတ်၀င် စားတယ်လို့ တချို့ပြောကြပါတယ်။ ခု ကမ္ဘာမှာ အချမ်းသာဆုံး သူဌေးတွေဟာ အဓိဌာန်လဲ မ၀င်ကြသလို ဘာသာခြားများဖြစ်နေတာ တွေ့ရပါလိမ့်မယ် ။သူတို့ဘာလို့ အောင်မြင်နေကြတာလဲ ။ စဥ်းစားကြည့်ရအောင်။ ဘာသာခြား ဖြစ်ပြီးဘာလို့ သူတို့မှာ ကံကောင်း ချမ်းသာပြီး ကိုယ်တွေဘာလို့ ဆင်းရဲ နေရ စစ်ဘေး မင်းဘေး သဘာ၀ဘေးတွေနဲ့ တွေ့ နေရတာလဲ လို့ ကျနော်ငယ်ငယ်က အမြဲတွေးမိတယ်။ စာပေတွေဖတ်ရှုတာ များလာတော့ ဆက်စပ်မိတာ တွေကိုရေးပြချင်ပါတယ်။ နံပါတ်တစ်အချက်က ဘုရားက သူ့ဘာသာ၀င်မှ ချမ်းသာမယ် ကျန်တဲ့ဘာသာ၀င် တွေဆင်းရဲမယ် မပြောခဲ့ပါဘူး။ ဘုရား က လောကကြီးရဲ့ အမှန်တရားလေးပါးကိုပဲ ပြောပြသွားတာပါ။ သစ္စာလေးပါးပေါ့။ခုတရားထိုင်တာကိုပဲ ပြောပြချင်တယ်။   Apple IPhone ဖုန်းတွေကို တည်ထောင်တဲ့သူ ဖြစ်တဲ့ စတိဗ်ဂျော့ ဟာ တရားထိုင်သူတစ်ဦးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ကို အိန္ဒိယ သွားရင်း ရှာဖွေတွေ့ရှိခဲ့သူပါ။ နောက်တစ်ဦးက Twitter Founder ဂျက်ဒေါ်သီ ပါ ။ သူဆိုရင်မွေး နေ့မှာ...