မခင်ခင်နှင့်မာင်သစ်လွင်တို့ဇနီးမာင်နှံသည်အစိုးရဝန်ထမ်းများဖြစ်ကြသည်။သူတို့တွင်သမီး၂ယောက်ရှိကြသည်။သမီးကြီးမှာ၅နှစ်မြစ်ပြီးသမီးငယ်လေူက၂နှစ်အရွယ်ဖြစ်ကြသည်။မခင်ခင်တို့ဇနီးမောင်နှံသည်တာဝန်ကျရာ နေရာလည်းတူကြသည်။ထိုကြောင့်မိသားစုအတူေနနိုင်ကြသည်။မခင်ခင်မှာသူတို့၂ယောက်ရ သောလစာ လေးနှင့်စားဝတ် နေရေးကို ခြွေတာဖြေရှင်းပြီး သမီး၂ယောက် ရှေ့ရေးအတွက်ဘဏ်စုစာအုပ်လေးဖြင့်စုထားခဲ့သည်။သူတို့မိသားစုသည်တစ်ယောက်နဲ့တစ်ယာက်ချစ်ချစ်ခင်ခင်နေကြကာရန်မဖြစ်ကြပေ။သူတို့တာဝန်ကျရာကျောင်းမှာပင်သမီး၂ယောက်ကိုမူကြိုထားခဲ့သည်။သူတို့မိသားစုသည်တစ်ဦးနဲ့တစ်ဦးကူညီကြ၍မခိုကပ်ဘဲနိုင်ရာတာဝန်ထမ်းကြသည်။မခင်ခင်မအားလျှင်မောင်သစ်လွင်ကထမင်းဟင်းချက်သည်။သမီးကြီးကညီမလေးနဲ့အတူဆော့ပြီးကလေးထိန်းကူသည်။အလွန်စိတ်ချမ်းသာစရာကောင်းသောမိသားစုဖြစ်လေသည်။ဒီလိုနဲ့တစ်ရက်မှာတော့ခင်ခင်တို့မိသားစုထဲသို့နောက်ထပ်ရတနာလေးတစ်ယောက်တိုးလာပါသည်။ခင်ခင်နှင့်သစ်လွင်တို့အလွန်ပျော်ကြပါသည်။သူတို့ကသားသမီး၃ယောက်ယူမည်ဟုဆုံးဖြတ်ထားသောကြောင့်ပေတည်း။မခင်ခင်မှာကိုယ်ဝန်ရှိလာတော့မောင်သစ်လွင်တစ်ယောက်အိမ်ထောင်တာဝန်ပိုထမ်းရပြီပေါ့။အလေးအပင်မတာတွေမခင်ခင်ကိုမလုပ်ခိုင်းပါ။ထမင်းဟင်းချက်အဝတ်လျှော်ကလေးထိန်း ရေခပ်ရှိသမျှအလုပ်အားလုံး မောင်သစ်လွင်တစ် ယောက်သိမ်းကျုံးလုပ် တော့သည်။ခုရတနာ လေးကိုယောက်ျား လေးဖြစ်ရင် ကောင်းမည်ဟု မောင်သစ်လွင် တွေးမိသည်။မခင်ခင်လည်းထိုနည်းတူတွေးမိ လေသည်။
ဒီလိုနဲ့မောင်သစ်လွင်တို့မြို့လေးတွင်ကိုဗစ်စဖြစ်ကြတော့သည်။ဒါနဲ့ကျောင်း တွေယာယီပိတ်ထားကြရ လေတော့သည်။မခင်ခင်တို့လည်းမြို့ပေါ်ရှိမိဘတွေနေအိမ်သို့ရွှေ့နေကြရတော့သည်။မခင်ခင်မှာကိုယ်ဝန်နဲ့ဆိုတော့ မောင်သစ်လွင်ပိုစိတ်ပူရသည်။ကလေး၂ယောက်ကိုလည်းစိတ်ပူရလေသည်။ထို့ကြောင်အိမ်ထဲတွင်သာနေကြပြီးအိမ်ပြင်ကိုအတတ်နိုင်ဆုံးမထွက်ကြပါ။မီးဖိုချောင်အတွက်ဈေးဝယ်၊ကျန်းမာရေးအတွက်ဆေးဝယ်တို့ထွက်လျှင်လည်းမောင်သစ်လွင်သာအပြင်ထွက်ဝယ်ခဲ့သည်။အပြင်ကပြန်လာရင်လည်းအိမ်ထဲတန်းမဝင်ဘဲအိမ်ရှေ့တွင်ပင်ဆပ်ပြာနဲ ရေချိုးလိုက်သည်။ဝယ်လာသောပစ္စည်းများကိုအရက်ပျံဖြန်းပီးမှအိမ်ထဲသို့ယူခဲ့သည်။မလိုအပ်ဘဲအိမ်ပြင်လုံးဝမထွက်ကြပါ။ထိုကဲ့သို့ပင်သေချာဂရုစိုက်ခဲ့ကြသည်။အိမ်နီးချင်းများကကိုဗစ်ဖြစ်ကြသည်။မခင်ခင်တို့အိမ်ကကိုဗစ်မဖြစ်ကြပါ။ကိုဗစ်ပထမလှိုင်းပီး၍နောက်ထပ်ဒုတိယလှိုင်းဖြစ်ကြပြန်ပါသည်။မခင်ခင်၏ကိုယ်ဝန်မှာလည်းကိုဗစ်ကြောင့်ဘယ်ဆေးခန်းမှမပြရပါ။မခင်ခင်၏အမေမှာသားဖွားဆရာမတစ်ဦးဖြစ်သောကြောင့်သာမခင်ခင်တို့အသက်ရှု ချောင်ကြရသည်။မခင်ခင်၏အမေလမ်းညွှန်မှုနဲ့သာကိုယ်ဝန်ကိုဂရုစိုက်ခဲ့ကြရသည်။ဒီလိုနဲ့ကိုဗစ်ဒုတိယလှိုင်းတွင်မခင်ခင်တစ်ယောက်အပြင်မထွက်ဘဲကိုဗစ်ဖြစ်လေသည်။နှာတွေချေပြီးအနံ့မရတော့ ပေ။အနံ့မရတာ၂ရက်မြောက်နေ့မှာမခင်ခင်ဖျားချေပြီ။မောင်သစ်လွင်လည်းဗျာများရလပြီ
ကလေး၂ယောက်ကိုကူးမှာလည်းစိုးရ၊မွေးခါနီးဇနီးတစ်ခုခုဖြစ်မှာလည်းစိုးရိမ်ရလေသည်။ထို့ကြောင့်ကလေး၂ယောက်ကိုမခင်ခင်၏အဒေါ်အိမ်ပို့ထားရ လေသည်။မခင်ခင်အနားတွင် မောင်သစ်လွင်ပြုစု စောင့်ရှောက်ရသည်။နှာခေါင်းစည်းလည်း၂ယောက်လုံးတပ်ထားရသည်။မခင်ခင်မှာအစားအသောက်ပျက်လာပီးအိပ်ရာမှပင်ကိုယ်တိုင်မထနိုင်ဖြစ်လာသည်။မခင်ခင်တို့တမိသားစုလုံးမခင်ခင်ကိုစိုးရိမ်လာကြသည်။မခငခင်ကမူသတိမပျက်ဘဲမွေးခါနီးရွတ်နေကျအင်္ဂုလိမာလသုတ်ကိုစိတ်ထဲမှရွတ်ဆိုသည်။ခင်ပွန်းဖြစ်သူမှလည်းဇနီးသည်နားတွင်မကြာခဏအသံထွက်၍အင်္ဂုလိမာလသုတ်ကိုရွတ်ပြပေးသည်။ဒီလိုနဲ့တစ်ရက်တော့မနက်၃နာရီလောက်မခင်ခင်ဗိုက်နာလာပါတော့သည်။နေရခက်၍လမ်းလျောက်ချင်သော ကြောင့်ခင်ပွန်ူဖြစ်သူကိုတွဲစ၍လမ်းလျှောက်ခဲ့သည်။ကြာကြာမလျှောက်နိုင်မော၍နားနေရသည်။မခင်ခင်တစ်ယောက်ဒီတခါက လေး မွေးရမှာအလွန်ကြာက်လာခဲ့သည်။နေမကောင်းအားမရှိချိန်ဖြစ်၍ကိုဗစ်ရောဂါဆန်းကြီးကြောင့်မွေးလာမည့်ကလေးတစ်ခုခုချို့ယွင်းမှာလည်းစိုးရိမ်ခဲ့သည်။အင်္ဂုလိမာလသုတ်ကိုဗိုက်နာသက်သာချိန်ရွတ်ဖြစ်သည်။မောင်သစ်လွင်ကလည်းဘေးကရွတ်ပေးခဲ့သည်။မခင်ခင်၏အမေကလည်းရွတ် ပေးသည်။မနက်၅နာရီတွင်ဗိုက်နာတာစိပ်လာပီးမခင်ခင်မေမေနဲ့ပင်အိမ်မှာ မွေးကြရသည်။အားမရှိတော့မညစ်နိုင်၍ကလေးရောလူကြီးအတွက်ပါစိုးရိမ်ရသည်။မခင်ခင်၏မေမေကသစ္စာဆို၍အင်္ဂုလိမာလသုတ်ကိုရွတ်ကာမွေးဖွားပေးနိုင်ခဲ့သည်။ကိုယ်လက်အင်္ဂါစုံလင်သော၊မောင်သစ်လွင်တို့လိုချင်နေကြ သော သား ယောက်ျား လေးကိုမခင်ခင် မွေးဖွားနိုင်ခဲ့ လေပြီ။မခင်ခင်မှာလည်းကလေးမျက်နှာမြင်ရမှစိတ်ချမ်းသာရလေတော့သည်။ဘေးအိမ်နီးချင်းများကလည်းမခင်ခင်ကိုအံ့ဩကြရသည်။ကိုဗစ်နဲ့သေဆုံးကြသောကိုယ်ဝန်ဆောင်တွေအများပေကိုး။ကိုယ်ဝန်ဆောင်မိခင်များကိုတွေ့တိုင်းမခင်ခင်တစ်ယောက်အင်္ဂုလိမာလသုတ်၏အစွမ်းကိုပြောပြနေတော့သည်။
Comments
Post a Comment