Skip to main content

စက်ကြီးတစ်ဆယ့်သုံးပါး ဂါထာ




မိမိ အိမ်ကို မ ကောင်းကြံခြင်း ၊ အောက်လမ်းများပြုလုပ်ခြင်းများ မဖြစ်ရေလေ အောင်
အာဏာစက်ထက်မြက်သော စက်ကြီး ၁၃ ပါး ဂါထာ နေ့စဥ် ရွတ်ကာ ကာကွယ်ပါလေ။ တကယ်တန်း
မြန်မာတို့သည် အောက်လမ်းများ ပြုလုပ်ခြင်း များကို ယ နေ့ ခေတ်ထိ ယုံကြည်မှုများပါသည်။ စာရေးသူမှာ ကိုယ်တိုင်မကြုံမိသောကြောင့် သေချာမ ပြောနိုင် သော်လည်း ယုံကြည်သူများ စိတ်လုံခြုံစေ ရန်အလို့ငှာ ရွတ်ဖတ်သင့်သော ဂါထာကြီးဖြစ်ပါသည်။သြဇာအာဏာအရှိဆုံး ဘုရာမှစကာ ၁၃ ပါးသော အာဏာစက်ပြင်းထန်သူတို့ဖြင့် ကာကွယ်ထားခြင်းဖြစ်ပါသည်။ရောဂါဘေး စစ်ဘေးတို့ကျရောက်ချိန်တွင် မမြင်ရ သော ဘေးမျိုးစုံမှ ကင်းေ၀းကြ စေရန် တစ် နေ့ တစ် ခေါက် ဘုရားရှိခိုးရင်းရွတ်ပါရန် တိုက်တွန်းအပ်ပါသည်။


၁။ဩောင်းတစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်

၂။တစ်ဆယ့်လေးချက် ဓမ္မစက်

၃။တစ်ဆယ့်ရှစ်ချက် သံဃစက်

၄။လရောင်ဝင်းလျှက် ရှင်ပစ္စေကဗုဒ္ဓရဟန္တာစက်

၅။မြင့်မိုရ်တောင်ဦးမကကျူးလျှက် မိဘစက်

၆။ဂုဏ်ကျေးဇူးကိုအထူးသိလျှက် ဆရာစက်

၇။ဝရဇိန်လက်နက် ဗြဟ္မာစက်

၈။မိုးကြိုးလက်နက် သိကြားစက်

၉။လောင်မီးကျလျက် နတ်တို့စက်

၁၀။ဘွဲဖြူလက်နက် ဘီလူးစက်

၁၁။တောင်ဟုန်ပြင်းလျှက် ဂဠုန်စက်

၁၂။အာခံတွင်းဝင်းတောက်လျှက် နဂါးစက်

၁၃။သုံတောင်သင်္ချာဟေမဝန္တာအာဏာစိုးလျှက် သီဟစက်

စက်ကြီးတစ်ဆယ့်သုံးပါးရွတ်သံကြားကဘေးများမြင်မှု့ မကောင်းမှု့တို့ ဝေးကကြည်ရှောင် အောင်စေတတ်သည် မြတ်သည့်ဆရာ ပညာတည်း။


ဩောင်း နမောဗုဒ္ဓါ နုဘာဝေန

ဩောင်း နမောဓမ္မာ နုဘာဝေန

ဩောင်း နမောသံဃာ နုဘာဝေန

ဩောင်း နမော ဒူရေ ဒူရေ သွားဟုံဟုံ။ ။

Comments

Popular posts from this blog

နမောတေဂါထာတော်

      အခက်အခဲ အကျဥ်းအကြပ်ထဲသို့ ရောက် ေနပါက ရွတ်ဆိုနိုင်သော ဂါထာဖြစ်ပါသည်။ စီးပွားရေးအကြပ်အတည်း၊ ငွေရေးကျေးရေးအကြပ်အတည်း နှင့် အကျဥ်းကျနေသူများပါ ရွတ်ဖတ်သင့်ပါသည်။ မြတ်စွာဘုရားသည် အောင်ခြင်း ၈ ပါးကို အောင်နိုင်သကဲ့သို့ မိမိသည်လဲ ကျရောက်နေသော အခက်အခဲ ဒု က္ခ မှ လွတ် ေမြာက်ရန် တိုင်တည် ခြင်းပင်ဖြစ်ပါသည်။  နာမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။ သမ္ဗာဓပ္ပဋိပန္နောသိ၊တဿ မေ သရဏံ ဘဝ။ သီလနှင့်မွေ့‌လျော်သုံးဘုံကျော်ကြားရှင်တာ်ဘုရားအား ဘုရားတပည့်‌ တော်၏ကာယဝစီမနောချီ၍ရှိခိုးခြင်းသည်မုချမသွေဖြစ်ပါစေသတည်း။အကြွင်းမဲ့အလုံးစုံသိတော်မူသောဘေးရန်ကင်းငြားရှင်ဘုရားသည်ခာတ်ကာလအလျောက်ပေါ်ပေါက်များစွာရောဂါရန်စွယ်ဟူသမျှမှပါရမီတန်ခိုးဖြင့်ပယ်နှိမ်ချိုးသကဲ့သို့ကင်းလွတ်တော်မူသည်ဖြစ်တော်မူပေ၏ဘုရား။မြတ်စွာဘုရားကိုအားထားပူဇော်ရာဘုရားတပည့်တော်မှာဒုက္ခစက်အတွင်းသို့ကျရောက်နေ၍ဝဋ်မကင်းသဖြင့်ညွှတ်ကွင်းပမာဖြစ်နေရပါ၏ဘုရား။ကရုဏာကြီးမားရှင်တော်ဘုရားသည်တပည့်တော်၏ဘေးကင်းရန်ပချမ်းသာရကြောင်းမြတ်သောမှီခိုရာသည်ကရုဏာမိုးသွန်းကာဖြိုးလျက်နှစ်သက်ကြည်ဖြူဖြစ်တော်မူပါဘုရား။

အဋ္ဌာနမေတံ ဂါထာ

  အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော ယံ ပရူပက္ကမေန တထာဂတံ ဇိဝိတာ  ဝေါရောပေယျ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ ဧတေန သစ္စဝဇ္ဇေန သောတ္ထိတေ ဟောတုသဗ္ဗဒါ။ မြန်မာပြန်အနက် ဘုရားရှင်တို့မည်သည် သူတပါးတို့၏လုံးလပယောဂဖြင့်သေရိုးထုံးစံမရှိ၊အချိန်တန်မှသာ  အလိုအလျောက် ပရိနိဗ္ဗာန်စံတော်မူကြသည်။ ဤမှန်သောသစ္စာကြောင့် ဘုရားတပည့်တော်တို့အားကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရပါလို၏ဘုရား။