အခက်အခဲ အကျဥ်းအကြပ်ထဲသို့ ရောက် ေနပါက ရွတ်ဆိုနိုင်သော ဂါထာဖြစ်ပါသည်။ စီးပွားရေးအကြပ်အတည်း၊ ငွေရေးကျေးရေးအကြပ်အတည်း နှင့် အကျဥ်းကျနေသူများပါ ရွတ်ဖတ်သင့်ပါသည်။ မြတ်စွာဘုရားသည် အောင်ခြင်း ၈ ပါးကို အောင်နိုင်သကဲ့သို့ မိမိသည်လဲ ကျရောက်နေသော အခက်အခဲ ဒုက္ခ မှ လွတ် ေမြာက်ရန် တိုင်တည် ခြင်းပင်ဖြစ်ပါသည်။
နာမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။
သမ္ဗာဓပ္ပဋိပန္နောသိ၊တဿ မေ သရဏံ ဘဝ။
သီလနှင့်မွေ့လျော်သုံးဘုံကျော်ကြားရှင်တာ်ဘုရားအား ဘုရားတပည့် တော်၏ကာယဝစီမနောချီ၍ရှိခိုးခြင်းသည်မုချမသွေဖြစ်ပါစေသတည်း။အကြွင်းမဲ့အလုံးစုံသိတော်မူသောဘေးရန်ကင်းငြားရှင်ဘုရားသည်ခာတ်ကာလအလျောက်ပေါ်ပေါက်များစွာရောဂါရန်စွယ်ဟူသမျှမှပါရမီတန်ခိုးဖြင့်ပယ်နှိမ်ချိုးသကဲ့သို့ကင်းလွတ်တော်မူသည်ဖြစ်တော်မူပေ၏ဘုရား။မြတ်စွာဘုရားကိုအားထားပူဇော်ရာဘုရားတပည့်တော်မှာဒုက္ခစက်အတွင်းသို့ကျရောက်နေ၍ဝဋ်မကင်းသဖြင့်ညွှတ်ကွင်းပမာဖြစ်နေရပါ၏ဘုရား။ကရုဏာကြီးမားရှင်တော်ဘုရားသည်တပည့်တော်၏ဘေးကင်းရန်ပချမ်းသာရကြောင်းမြတ်သောမှီခိုရာသည်ကရုဏာမိုးသွန်းကာဖြိုးလျက်နှစ်သက်ကြည်ဖြူဖြစ်တော်မူပါဘုရား။
Comments
Post a Comment