Skip to main content

သမ္ဗုဒ္ဓေဂါထာရွတ်ဖတ်ရခြင်းအကျိုးကျေးဇူး

           




 မေစုသည်၁၀တန်း အောင်ခါစတက်သစ်စလူငယ် လေးတစ် ယောက်ဖြစ်သည်။သူမ၏ဖခင်သည်အစိုးရဌာနတစ်ခုတွင်ဌာနဆိုင်ရာလူကြီး၏ကားဒရိုင်ဘာတစ်ယောက်ဖြစ်သည်။ထိုဌာနသည်ဝင်ငွေ ကောင်း သောဌာနတစ်ခုဖြစ်သည်။ဒါကြောင့် မေစုလည်းထိုဌာနတွင်အလုပ်လုပ်ချင် ကြောင်းဖခင်ကိုပူဆာခဲ့သည်။၁၀တန်းအောင်ပြီးခါစတက္ကသိုလ်မတက် သေးခင်အိမ်တွင်အလကားမနချင်ဘဲအလုပ်လုပ်ချင် သော သမီး၏ဆန္ဒကိုဖခင်တစ်ယောက်အ နေနဲ့ဖြည့်ဆည်း ပေးရန်ကြိုးပမ်းခဲ့သည်။ထို့ကြောင့်မိမိအထက်လူကြီးအားအလုပ်အကိုင် နေရာတစ်ခုသမီးအတွက် ပေးရန်အကူအညီ တောင်းခံခဲ့သည်။လူကြီးကအစိုးရဝန်ထမ်းအလုပ်မဟုတ်သေးဘဲယာယီနေ့စားအနေဖြင့်အလုပ်တစ်နေရာ ပေးမည်ဟုအလုပ် လျှောက်လွှာဖောင်တင်ခိုင်းသည်။လစာမှာ၁၅၀၀၀ဖြစ်သည်။မေစုအလုပ်လုပ်ရ တော့မည်ဖြစ်၍အလွန် ပျော်ခဲ့သည်။ထိုအလုပ်မှရသောလစာဖြင့်အဝေးသင်တက္ကသိုလ်တက်နိုင်မည်ဖြစ်သည်။ဒီလိုနဲ့မေစုတစ် ယောက်ယာယီအလုပ်တစ်ခုရခဲ့သည်။အလုပ်ကစာရေးအလုပ်ဖြစ်သည်။အလုပ်ရှုပ်ရင်ရှုပ်သလိုဘောက်ဆူးလည်းရသည်။နေ့ ရောညပါတခါတ လေအလုပ်ဆင်းရသည်။အလုပ်မှရ သောလစာနဲ့ဘာက်ဆူးမုန့်ဖိုးများကို စုဘူးနဲ့ သေချာစုထားပြီးအ ဝေးသင်တက်ချိန်တွင်ထိုပိုက်ဆံနဲ့ပင် ကျောင်းတက်ခဲ့ရသည်။အဝေးသင် ကျောင်းတက်ချိန်တွင်လည်းဌာနမှလူကြီးများကမုန့်ဖိုးပိုက်ဆံ ပေးကြသည်။မေစုတစ်ယောက်အလုပ်လုပ်၍ရ သော ကိုယ်ပိုင်ပိုက်ဆံနဲ့ကျောင်းတက်ရလို့အလွန်ပျာ်ပါသည်။ဘွဲ့ရရင်ထိုဌာနမှာပင်အစိုရခန့်စာ ရေးအလုပ်ရမည်ဟုအထက်လူကြီးများကပြာကြသည်။မေစုလည်းဒီမျှော်လင့်ချက်နဲ့ပင်တစ်နှစ်ပြီးတစ်နှစ်အလုပ်လုပ်ခဲ့ပါသည်။ဒီလိုနဲ့အ ဝေးသင်၄နှစ်တက်ပြီးဘွဲ့ရခဲ့ပါပြီ။


            ဘွဲလက်မှတ်နဲ့အစိုးရခန့်အမြဲတန်းဝန်ထမ်းဖြစ်ရန်အလုပ်ပြန်လျှောက်ရပါသည်။နေပြည်တော်၊မကွေးမှအလုပ်ခေါ်တိုင်းစာ မေးပွဲဖြေခဲ့ရပါသည်။မေစုတစ်ခါမှမအောင်မြင်ခဲ့ပါ။ဒါနဲ့ နေ့စားအလုပ်ဆက်လုပ်ရင်းဇွဲမလျော့ဘဲအလုပ် ခေါ်တိုင်းဝင်လျှောက်ခဲ့သည်။စာရင်းကိုင်၊အငယ်တန်းစာရေးစသည်ဖြင့်အလုပ်ခေါ်စာတွေပေါ့။ မေစုအမြဲတမ်းလွဲ ချော်ခဲ့သည်။ဒီလိုနဲ့နေ့စားလုပ်သက် တောင်၆နှစ်ကျာ်လာခဲ့ပါပြီ။ဌာနမှလူကြီးများကလုပ်သက်၆နှစ်ရှိနေပြီဆို‌‌တော့အလုပ်ရတော့မှာပါဟုအား ပေးစကားပြာကြပါသည်။ဖေဖေကိုယ်တိုင်လဲနေပြည်တော် ရောက်တိုင်း မေစုအလုပ်ရရန်နီးစပ်ရာလူကြီးများကိုဝင်ရောက်အကူအညီ တောင်းခံခဲ့ပါသည်။အလုပ်ကံမပါသေး‌‌သော မေစုမှာအမြဲတမ်းလွဲ ချော်ခဲ့ပါသည် ။ မေစုကိုယ်တိာင်လဲဘွဲ့ရပီးမှ ယာယီ နေ့စားအလုပ် လေးဖြင့်မတင်းတိမ်ချင်ပါ။အလုပ်အမြဲလွဲ ချော်၍စိတ်ဓါတ်တွေလည်းကျလာပါပြီ။ဒီလိုနဲ့မေစုငယ်သူငယ်ချင်းဖြစ်သူဖြူဖြူကိုရင်ဖွင့်ခဲ့ပါသည်။ဖြူဖြူကဘာလုပ်လုပ်အဆင်မ ပြေအခက်အခဲ တွေဖြစ်နရင်အဓိဌာန်တစ်ခုဝင်ဖို့အကြံပေးပါသည်။သမ္ဗုဒ္ဓေဂါထာကိုတစ်ရက်လျင်အခါက်၁၀၀ရွတ်ဆို၍လိုရာဆု‌‌တောင်းရန်ဖြစ်ပါသည်။မေစုလည်းယုံယုံကြည်ကြည်ရွတ်ဖတ်၍အဓိဌာန်ဝင်ရန်ဆုံးဖြတ်ခဲ့လေသည်။ထိုအချိန်ကသင်္ကြန်ရုံး၁၀ရက်ပိတ်ကာလဖြစ်၍ယုံကြည်စွာအဓိဌာန်ဝင်ခဲ့ပါသည်။အလုပ်ရချင်သော မေစုတစ်ယောက်သမ္ဗုဒ္ဓေအခါက်ရေ၁၀၀ကိုမပျက် အောင်အဓိဌာန်ဝင်ခဲ့ပါသည်။ သမ္ဗုဒ္ဓဂါထာ၏တန်ခိုးတော်ကြောင့်မိမိနဲ့သင့် တော် သောအစိုးရဝန်ထမ်းအလုပ်တစ်ခုရရန်ဆု တောင်းခဲ့သည်။အဓိဌာန်၁၀ရက်ပြီးမြောက် အောင်မြင်ခဲ့လေသည်။ရုံးပိတ်ရက်ပြီးလို့အလုပ်လဲပြန်ဆင်းရပါပြီ။မကြာခင် မေစုတို့ရုံးမှာအလုပ်ခေါ်စာများရာက်လာပြန်ပါပြီ။ဒီတခါ တော့မေစုမှာယုံကြည်မှု တွေတိုးလာခဲ့ပါသည်။အလုပ်ခေါ်စာအတိုင်း မေစုအလုပ်ပြန် လျောက်ပါသည်။နေပြည်တော်မှာစာမးပွဲသွားဖြေရပါသည်။စာရင်းကိုင်စာမေးပွဲ၊အငယ်တန်းစာရေးစာမေးပွဲ၂ခုဖြေရသည်။ဒီတခါတော့အလုပ်ရပြီလို့ မေစုယုံကြည်ခဲ့သည်။

            စာမေးပွဲဖြေပြန်လာပြီးမကြာခင်မှာပင်ဘွဲ့ရပညာရေးကောလိပ်ဆရာဖြစ်သင်တန်းလျောက်လွှာ မေစုတို့မြို့မှာ ခေါ်လာပါ တော့တယ်။မေစုလဲဆရာမတစ် ယောက်ဖြစ်ဖို့ဝါသနာပါ သောကြာင့်ထိုအလုပ်ကိုလဲဝင် လျောက်ပါသည်။ဝင်ခွင့်စာမေးပွဲကိုမေစုတို့မြို့မှာပင်ရုံးပိတ်ရက်ဝင်ရောက်ဖြေဆိုခဲ့ပါသည်။အလုပ်ခေါ်စာတွေဆက်တိုက်ဖြေရသော်လည်းသမ္ဗုဒ္ဓေဂါထာအစွမ်းကြောင့်ဒီတခါ‌‌တော့သေချာပေါက်မေစုနဲ့သင့်တော်မည့်အလုပ်တစ်ခုရတာ့မည်ဟုယုံကြည်မိပါသည်။ဒီလိုနဲ့ရုံးမှာအလုပ်လုပ်ရင်းစာမေးပွဲ တွေရဲ့ အောင်စာရင်းကိုနားစွင့်နေမိပါ တော့တယ်။ရုံးပိတ်ရက်တစ်ရက်မှာမေစုအိမ်သန့်ရှင်းရေးလုပ်နေတုန်ူရုံးကအမတစ်ယောက်ကဝမ်းသာအားရနဲ့ ရောက်ချလာပါတယ်။မေစုစာမေးပွဲအောင်တယ်လို့လာပြောတာဖြစ်သည်။မေစုဝါသနာပါ သောဆရာဖြစ်သင်တန်းတက်ရ တော့မည်ဟုအမကဝမ်းသာအားရပြပြပါသည်။မေစုမှာဝမ်းသာလွန်း၍မျက်ရည်များပင်လည်လာပါသည်။အဓိဌာန်ဝင်ခြင်းနဲ့သမ္ဗုဒ္ဓေဂါထာတန်ခိုးကြောင့်ဟုမေစုယုံကြည်ပါသည်။ယခုမှာတော့ပညာရေးကောလိပ်တက်နေတဲ့သင်တန်းသူဆရာမလေးမေစုပေါ့ရှင်။သင်တန်း၂နှစ်တက်ပြီးတာဝန်ကျသည်အထိသမ္ဗုဒ္ဓေဂါထာကိုအိပ်ရာဝင်ဘုရားရှိခိုးတိုင်းအမြဲရွတ်ဆိုခဲ့ပါသည်။ယခုထိလဲ ဒေါ်မေစုဘုရားရှိခိုးတိုင်းသမ္ဗုဒ္ဓေဂါထာကိုမပျက်မကွက်ရွတ်ဆိုခဲ့ပါသည်။‌‌အကြံအစည်လိုအင်ဆန္ဒတွေပြည့်ဝစေ သောသမ္ဗု‌ေဒ္ဓဂါထာဖြစ် ကြောင်းဒေါ်‌ေမစုတစ်‌ေယာက်သူမ၏တပည့်များကိုလည်းပြောပြပီးဂါထာကိုသင်ပေးနေပါ တော့သည်။နီးစပ်ရာအပေါင်းအသင်းများကိုလည်း ဒေါ်မေစုကိုယ်တွေ့ဖြစ်ရပ်ကိုပြပြပီး သမ္ဗု ‌‌‌‌‌‌ဒ္ဓေဂါထာကိုရွတ်ဆိုကြရန်တိုက်တွန်း နေပါ တော့သည်။

Comments

Popular posts from this blog

နမောတေဂါထာတော်

      အခက်အခဲ အကျဥ်းအကြပ်ထဲသို့ ရောက် ေနပါက ရွတ်ဆိုနိုင်သော ဂါထာဖြစ်ပါသည်။ စီးပွားရေးအကြပ်အတည်း၊ ငွေရေးကျေးရေးအကြပ်အတည်း နှင့် အကျဥ်းကျနေသူများပါ ရွတ်ဖတ်သင့်ပါသည်။ မြတ်စွာဘုရားသည် အောင်ခြင်း ၈ ပါးကို အောင်နိုင်သကဲ့သို့ မိမိသည်လဲ ကျရောက်နေသော အခက်အခဲ ဒု က္ခ မှ လွတ် ေမြာက်ရန် တိုင်တည် ခြင်းပင်ဖြစ်ပါသည်။  နာမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။ သမ္ဗာဓပ္ပဋိပန္နောသိ၊တဿ မေ သရဏံ ဘဝ။ သီလနှင့်မွေ့‌လျော်သုံးဘုံကျော်ကြားရှင်တာ်ဘုရားအား ဘုရားတပည့်‌ တော်၏ကာယဝစီမနောချီ၍ရှိခိုးခြင်းသည်မုချမသွေဖြစ်ပါစေသတည်း။အကြွင်းမဲ့အလုံးစုံသိတော်မူသောဘေးရန်ကင်းငြားရှင်ဘုရားသည်ခာတ်ကာလအလျောက်ပေါ်ပေါက်များစွာရောဂါရန်စွယ်ဟူသမျှမှပါရမီတန်ခိုးဖြင့်ပယ်နှိမ်ချိုးသကဲ့သို့ကင်းလွတ်တော်မူသည်ဖြစ်တော်မူပေ၏ဘုရား။မြတ်စွာဘုရားကိုအားထားပူဇော်ရာဘုရားတပည့်တော်မှာဒုက္ခစက်အတွင်းသို့ကျရောက်နေ၍ဝဋ်မကင်းသဖြင့်ညွှတ်ကွင်းပမာဖြစ်နေရပါ၏ဘုရား။ကရုဏာကြီးမားရှင်တော်ဘုရားသည်တပည့်တော်၏ဘေးကင်းရန်ပချမ်းသာရကြောင်းမြတ်သောမှီခိုရာသည်ကရုဏာမိုးသွန်းကာဖြိုးလျက်နှစ်သက်ကြည်ဖြူဖြစ်တော်မူပါဘုရား။

စက်ကြီးတစ်ဆယ့်သုံးပါး ဂါထာ

မိမိ အိမ်ကို မ ကောင်းကြံခြင်း ၊ အောက်လမ်းများပြုလုပ်ခြင်းများ မဖြစ်ရေလေ အောင် အာဏာစက်ထက်မြက်သော စက်ကြီး ၁၃ ပါး ဂါထာ နေ့စဥ် ရွတ်ကာ ကာကွယ်ပါလေ။ တကယ်တန်း မြန်မာတို့သည် အောက်လမ်းများ ပြုလုပ်ခြင်း များကို ယ နေ့ ခေတ်ထိ ယုံကြည်မှုများပါသည်။ စာရေးသူမှာ ကိုယ်တိုင်မကြုံမိသောကြောင့် သေချာမ ပြောနိုင် သော်လည်း ယုံကြည်သူများ စိတ်လုံခြုံစေ ရန်အလို့ငှာ ရွတ်ဖတ်သင့်သော ဂါထာကြီးဖြစ်ပါသည်။သြဇာအာဏာအရှိဆုံး ဘုရာမှစကာ ၁၃ ပါးသော အာဏာစက်ပြင်းထန်သူတို့ဖြင့် ကာကွယ်ထားခြင်းဖြစ်ပါသည်။ရောဂါဘေး စစ်ဘေးတို့ကျရောက်ချိန်တွင် မမြင်ရ သော ဘေးမျိုးစုံမှ ကင်းေ၀းကြ စေရန် တစ် နေ့ တစ် ခေါက် ဘုရားရှိခိုးရင်းရွတ်ပါရန် တိုက်တွန်းအပ်ပါသည်။ ၁။ဩောင်းတစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက် ၂။တစ်ဆယ့်လေးချက် ဓမ္မစက် ၃။တစ်ဆယ့်ရှစ်ချက် သံဃစက် ၄။လရောင်ဝင်းလျှက် ရှင်ပစ္စေကဗုဒ္ဓရဟန္တာစက် ၅။မြင့်မိုရ်တောင်ဦးမကကျူးလျှက် မိဘစက် ၆။ဂုဏ်ကျေးဇူးကိုအထူးသိလျှက် ဆရာစက် ၇။ဝရဇိန်လက်နက် ဗြဟ္မာစက် ၈။မိုးကြိုးလက်နက် သိကြားစက် ၉။လောင်မီးကျလျက် နတ်တို့စက် ၁၀။ဘွဲဖြူလက်နက် ဘီလူးစက် ၁၁။တောင်ဟုန်ပြင်းလျှက် ဂဠုန်စက် ၁၂။အာခံတွင်းဝင်းတောက်လျှက် နဂါးစက် ၁၃။သုံတောင်သင်္ချာဟေမဝန္တာအ...

စန်းပွင့် ဂါထာ

  အမရပူရ မဟာဂန္ဓာရုံဆရာတော် - အရှင်ဇနကာ ဘိဝံသ ၏ ဂါထာတော် ပဇာသဗ္ဗာ သုဿယန္တု ဝုဌဟန္တုသုမင်္ဂလာ။ ဒူသေန္တု ဒုဂ္ဂတိံ ဂါမိ၊ ပူရေန္တု သဗ္ဗပါရမီ။ ပဇာသဗ္ဗာ = ကိုယ်စီကိုင ကိုယ့်ဒေသတွင် ပျော်ကြစပ်ရာ သတ္တဝါဟူသမျှတို့သည် သုဿယန္တု = အိပ်မက်ရှာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေ ကုန်သတည် : ။ သုမင်္ဂလာ = မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍၊ ဝုဌဟန္တု = ကောင်းစွာမိုးသောက် အလင်းရောက်လျှက် ထမြောက်နိုးကြား နိုင်ကြပါစေကုန်သတည်း ဒဂ္ဂတိံ ဂါမိ = အပါယဒုဂ္ဂတိ ရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို၊ ဒူသေန္တု = သူတော်လက်နက် တရားစက်ဖြင့်် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။ သဗ္ဗပါရမိံ = အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီပါရမီ အပေါင်းအကျင့်ကောင်းကို၊ပူရေန္တု = တစ်ဆင့်ထက်တစ်ဆင့် ရင့်သထက်ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြကါစေသတည်း။