Skip to main content

အစွဲ








ဦးမြမောင်သည်အသက်၅၀ ကျော်အမျိုးသားတစ် ယောက်ဖြစ်သည်။သူ၏ဇနီးဒေါ်မမသည်၄၅နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်သည်။သူတို့တွင်သားသမီးမရှိကြပါ။ဒါကြောင့်သူတို့ပိုင်သောလယ်ယာများကိုစာရင်းငှားနှင့်ငှား၍လုပ်ကြရသည်။နွားများကိုတော့ဦးမြမောင်ကိုယ်တိုင်ပင် ကျောင်းလေ့ရှိသည်။နွား၅ကောင်ကိုရွာနှင့်မနီးမ ဝေးရှိတောရ ကျောင်း လေး ဘေးကမြက်ခင်း တွေမှာသွား ကျောင်းလေ့ရှိသည်။မနက်၁၁နာရီထမင်းစားပြီးချိန်တွင်ဦးမြ မောင်နွား ကျောင်းသွားသည်။ညနေ၃နာရီခွဲတွင်အိမ်ပြန်လာ လေ့ရှိသည်။တခါတရံနွားကျောင်းသည့်အနီးရှိတောရ ကျောင်းဘုန်းဘုန်းထံသွား ရောက်၍လည်းဂါဝရပြုတတ်သေးသည်။တောရကျောင်းရှိကပ္ပိယကြီးနှင့်လည်းစကားလက်ဆုံကျတတ်သေးသည်။ဒေါ်မမကတော့ တောရ ကျောင်းသို့ဆွမ်းဝတ်ကျမှသာဆွမ်းပို့ရောက် တော့သည်။ညနေနွားသိမ်းပြီးအိမ်ပြန်ချိန်တွင်လမ်းမှာတွေ့သောတောပန်းလှလှလေးများကိုသူ့ဇနီးအတွက်ခူးခဲ့တတ် သေးသည်။အထူးသဖြင့် ဆောင်းရာသီ အေးချိန်ပွင့်တတ် သောခအုံးပန်းဟု ခေါ်သောပန်းဖြူဖြူ လေးများဖြစ်သည်။ထိုပန်းဖြူဖြူမွှေးမွှေးလေးများကိုဇနီးသည်ဒေါ်မမအလွန်ကြိုတ်သည်။အိမ်ပြန် ရောက် ရေမိုးချိုးပြီးချိန်ဇနီး၏သနပ်ခါးဖွေးဖွေးပန်းမွှေးမွှေးနှင့်မြင်ရသည်မှာဦးမြ မောင်အတွက်မရိုးနိုင် သောစိတ်ချမ်းသာမှုတစ်ခုပင်ဖြစ်သည်။လင်မယားနှစ်ယောက်တည်းဖြစ်၍တစ်ယောက်နှင့်တစ်ယောက်အလွန်ဂရုစိုက်ကြသည်။ဒေါ်မမဘုရားရှိခိုးပြီးမေတ္ဏ္တာပို့အမျှဝချိန်ဆိုဦးမြမောင်ကလည်းဘေးကနေသာဓု ခေါ်လေ့ရှိသည်။ဦးမြမောင်တို့အိမ်တွင်မကြာခဏအလှူအတမ်းပြုလုပ်လေ့ရှိသည်။ဘုရားမီးလှူခြင်း၊အိမ်နီးချင်းများအားထမင်းဖိတ်ကျွေးခြင်းအစရှိသဖြင့်ပေါ့။ဦးမြမောင်ကသူ၏ဇနီးကိုလည်းမိမိတို့နောက်ပါမည့်ကုသိုလ် ကောင်းမှု့များကိုမကြာခဏပြုလုပ်ရန်တိုက်တွန်း လေ့ရှိသည်။သို့ သော်ဦးမြမောင်ကိုယ်တိုင်ဘုရားရှိမခိုးပါ။
ဇနီးကဘုရားရှိခိုးရန် ပြော သော်လည်းဦးမြ မောင်ကဘုရားစာစိတ်ထဲမှာရွတ် နေသည်ဟုသာပြန် ပြောခဲ့သည်။ဦးမြ မောင်သည်ဘုရားတရား ကြောင်းအလှူအတန်းအ ကြောင်းများ ပြောသော်လည်းဘုရားရှိခိုးဖို့ဝန် လေးသူတစ် ယောက်ဖြစ်သည်။ဒေါ်မမကလည်းထိုကိစ္စနှင့်ပတ်သက်၍မြည်တွန် တောက်တီး လေ့ရှိသည်။ဦးမြမောင်ကတေ့ာသူ့ဇနီးဘယ် လောက်မြည်တွန် တောက်တီး နေလည်း ဆေးလိပ်ဖွာမပျက် ပေ။ တစ်ရက်မှ တော့ဦးမြ မောင်သည်နွားများကိုစားကျက်တွင်လှန်ထားခဲ့ပြီး တောရ ကျောင်းသို့သွားကာကပ္ပိယကြီးနှင့် စကားစမြည် ပြောဖြစ်ကြသည်။ထိုစဉ်နွားများလှန်ထားသောစားကျက်နေရာမှနွားအော်သံများကြားလိုက်ရသည်။ဦးမြ မောင် နွားများရှိရာလှမ်း မျှော်ကြည့်လိုက်သည်။သူ၏နွားများကြားတွင်နွားတစ်ကောင်လာပြီးခွေ့ နေသည်ကိုလှမ်းမြင်လိုက်ရသည်။ဒါ ကြောင့်ဦးမြ မောင်နွားများရှိရာသို့အမြန် ပြေးသွားခဲ့သည်။လက်ထဲကိုင်ထားသောနွားနှင်တံ နှင့်ခွေ့ နေ သောနွားကြီးကိုလှမ်းရိုတ်လိုက်သည်။ရုတ်တရက်နွားကြီးကဦးမြ မောင်ဘက်သို့လှည့်ကြည့်လိုက်သည်။။တရှုးရှုးနဲ့နှာမှုတ်ပီးဒေါသထွက် နေ သောနွားကြီး၏မျက်လုံးမှာအစိမ်းရောင်ကြီးဖြစ်သော ကြောင့်ဦးမြ မောင်လန့်သွား တော့သည်။နွားကြီးကဦးမြ မောင်ကိုဒေါသတကြီးနဲ့ ခွေ့လိုက်လေ တော့သည်။ဦးမြ မောင်တစ် ယောက်ခပ် ဝေး ဝေးသို့လွင့်စင်ထွက်သွား တော့သည်။ လောကြီးနှင့်လည်းအဆက်သွယ်ပြတ်သွား တော့သည်။ဦးမြ မောင်သတိရလာ တော့ ဆေးရုံသို့ ရောက် နေပြီ။တကိုယ်လုံးလည်းကိုင်ရိုတ်ထားသလိုနာကျင်၍မလှုပ်နိုင်ပါ။ဆရာဝန်များက တော့ဒဏ်ကြေသွားတာပါ၊ပြန် ကောင်းသွားမှာပါဟုအား ပေးစကား ပြောကြသည်။ဒါပေမယ့်ဦးမြ မောင်က တော့မစားနိုင်မ သောက်နိုင်နဲ့က ယောင် ခြောက်ခြား တွေ ပြော နေ တော့သည်။ညတိုင်းမျက်လုံးစိမ်းနဲ့နွားကြီးလိုက်လာပြီဟု အော် ပြော နေ တော့သည်။
ဒေါ်မမမှာလည်းဘုရားကု သမားကုစုံ အောင် မေးမြန်းလုပ် ပေးခဲ့သည်။ဦးမြ မောင် ရောဂါမှာ လျော့မသွားဘဲတိုးလာတော့သည်။ဆေးရုံစ ရောက်ကတည်းကအစာမဝင်တာ၃ရက်ရှိလေပြီ။ဆရာဝန်များကစမ်းသပ်ကြည့် တော့လည်း ရောဂါကြီးကြီးမားမားရှာမ တွေ့ ချေ။ကိုယ်ခွဲမရှိ သော လူနာ စောင့် ဒေါ်မမလည်းပင်ပန်း နေ လေပြီ။ဒေါ်မမကဆရာဝန်များကိုအသနားခံပြီး ဆေးရုံဆင်းလို ကြောင်းနှင့်အိမ်မှလာ၍ဆေးခန်းလာပြလို ကြောင်းအကူအညီ တောင်း တော့သည်။ဆရာဝန်များကလူနာတိုးတက်မှု့မရှိတာကြောင့် အိမ်ကိုပြန်ဆင်းဖို့ခွင့်ပြုလိုက်သည်။အိမ် ရောက် တော့လည်းမသက်သာပါ။နီးစပ်ရာဆွေမျိုးများကတလှည့်စီလာ စောင့် ပေးကြသည်။ဒီလိုနဲ့အိမ် ရောက်ပီး၂ရက်အကြာတွင်ဦးမြ မောင်ဆုံးသွား တော့သည်။သေခါနီးအထိမျက်လုံးစိမ်းနဲ့နွားကြီးလာပြီဟုတတွင်တွင် ပြောနေသည်။ဒေါ်မမမှာသူ့ယောကျာ်းအတွက်စိတ်မကောင်းပါ။သေခါနီးအယူလွဲသွားပြီဟုသိရ၍ဖြစ်သည်။ဒီလိုနဲ့ကိစ္စပြီးသွား တော့ဒေါ်မမဘုရားရှိခိုးတိုင်းဦးမြ မောင်ကိုနာမည်တပ်ပီူအမျှအတမ်း ဝေခဲ့သည်။ဦးမြ မောင်ဆုံး သော အချိန်သည် ဆောင်းဝင်စဖြစ်‌‌လေ သည်။ဒါကြောင့်ဦးမြ မောင်နွား ကျောင်းပြန်လ့ရှိ သောအချိန်ည နေပိုင်းတွင်ခအုံးပန်းနံ့အမြဲရသည်။ဦးမြ မောင်မကျွတ် သေးဟု ဒေါ်မမ သိသည်။ဒါ ကြောင့်ဘုရားရှိခိုးတိုင်းနာမည် ခေါ်၍အမျှပေး ဝေခဲ့သည်။ယ နေ့ထိလည်းခအုံးပန်းပွင့်ချိန်ဆိုည နေပိုင်းတိုင်းပန်းနံ့က တော့ရစမြဲပင်။ဒေါ်မမပင်အသက်၅၀ ကျော်ခဲ့ လေပြီ။


Comments

Popular posts from this blog

နမောတေဂါထာတော်

      အခက်အခဲ အကျဥ်းအကြပ်ထဲသို့ ရောက် ေနပါက ရွတ်ဆိုနိုင်သော ဂါထာဖြစ်ပါသည်။ စီးပွားရေးအကြပ်အတည်း၊ ငွေရေးကျေးရေးအကြပ်အတည်း နှင့် အကျဥ်းကျနေသူများပါ ရွတ်ဖတ်သင့်ပါသည်။ မြတ်စွာဘုရားသည် အောင်ခြင်း ၈ ပါးကို အောင်နိုင်သကဲ့သို့ မိမိသည်လဲ ကျရောက်နေသော အခက်အခဲ ဒု က္ခ မှ လွတ် ေမြာက်ရန် တိုင်တည် ခြင်းပင်ဖြစ်ပါသည်။  နာမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။ သမ္ဗာဓပ္ပဋိပန္နောသိ၊တဿ မေ သရဏံ ဘဝ။ သီလနှင့်မွေ့‌လျော်သုံးဘုံကျော်ကြားရှင်တာ်ဘုရားအား ဘုရားတပည့်‌ တော်၏ကာယဝစီမနောချီ၍ရှိခိုးခြင်းသည်မုချမသွေဖြစ်ပါစေသတည်း။အကြွင်းမဲ့အလုံးစုံသိတော်မူသောဘေးရန်ကင်းငြားရှင်ဘုရားသည်ခာတ်ကာလအလျောက်ပေါ်ပေါက်များစွာရောဂါရန်စွယ်ဟူသမျှမှပါရမီတန်ခိုးဖြင့်ပယ်နှိမ်ချိုးသကဲ့သို့ကင်းလွတ်တော်မူသည်ဖြစ်တော်မူပေ၏ဘုရား။မြတ်စွာဘုရားကိုအားထားပူဇော်ရာဘုရားတပည့်တော်မှာဒုက္ခစက်အတွင်းသို့ကျရောက်နေ၍ဝဋ်မကင်းသဖြင့်ညွှတ်ကွင်းပမာဖြစ်နေရပါ၏ဘုရား။ကရုဏာကြီးမားရှင်တော်ဘုရားသည်တပည့်တော်၏ဘေးကင်းရန်ပချမ်းသာရကြောင်းမြတ်သောမှီခိုရာသည်ကရုဏာမိုးသွန်းကာဖြိုးလျက်နှစ်သက်ကြည်ဖြူဖြစ်တော်မူပါဘုရား။

စက်ကြီးတစ်ဆယ့်သုံးပါး ဂါထာ

မိမိ အိမ်ကို မ ကောင်းကြံခြင်း ၊ အောက်လမ်းများပြုလုပ်ခြင်းများ မဖြစ်ရေလေ အောင် အာဏာစက်ထက်မြက်သော စက်ကြီး ၁၃ ပါး ဂါထာ နေ့စဥ် ရွတ်ကာ ကာကွယ်ပါလေ။ တကယ်တန်း မြန်မာတို့သည် အောက်လမ်းများ ပြုလုပ်ခြင်း များကို ယ နေ့ ခေတ်ထိ ယုံကြည်မှုများပါသည်။ စာရေးသူမှာ ကိုယ်တိုင်မကြုံမိသောကြောင့် သေချာမ ပြောနိုင် သော်လည်း ယုံကြည်သူများ စိတ်လုံခြုံစေ ရန်အလို့ငှာ ရွတ်ဖတ်သင့်သော ဂါထာကြီးဖြစ်ပါသည်။သြဇာအာဏာအရှိဆုံး ဘုရာမှစကာ ၁၃ ပါးသော အာဏာစက်ပြင်းထန်သူတို့ဖြင့် ကာကွယ်ထားခြင်းဖြစ်ပါသည်။ရောဂါဘေး စစ်ဘေးတို့ကျရောက်ချိန်တွင် မမြင်ရ သော ဘေးမျိုးစုံမှ ကင်းေ၀းကြ စေရန် တစ် နေ့ တစ် ခေါက် ဘုရားရှိခိုးရင်းရွတ်ပါရန် တိုက်တွန်းအပ်ပါသည်။ ၁။ဩောင်းတစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက် ၂။တစ်ဆယ့်လေးချက် ဓမ္မစက် ၃။တစ်ဆယ့်ရှစ်ချက် သံဃစက် ၄။လရောင်ဝင်းလျှက် ရှင်ပစ္စေကဗုဒ္ဓရဟန္တာစက် ၅။မြင့်မိုရ်တောင်ဦးမကကျူးလျှက် မိဘစက် ၆။ဂုဏ်ကျေးဇူးကိုအထူးသိလျှက် ဆရာစက် ၇။ဝရဇိန်လက်နက် ဗြဟ္မာစက် ၈။မိုးကြိုးလက်နက် သိကြားစက် ၉။လောင်မီးကျလျက် နတ်တို့စက် ၁၀။ဘွဲဖြူလက်နက် ဘီလူးစက် ၁၁။တောင်ဟုန်ပြင်းလျှက် ဂဠုန်စက် ၁၂။အာခံတွင်းဝင်းတောက်လျှက် နဂါးစက် ၁၃။သုံတောင်သင်္ချာဟေမဝန္တာအ...

စန်းပွင့် ဂါထာ

  အမရပူရ မဟာဂန္ဓာရုံဆရာတော် - အရှင်ဇနကာ ဘိဝံသ ၏ ဂါထာတော် ပဇာသဗ္ဗာ သုဿယန္တု ဝုဌဟန္တုသုမင်္ဂလာ။ ဒူသေန္တု ဒုဂ္ဂတိံ ဂါမိ၊ ပူရေန္တု သဗ္ဗပါရမီ။ ပဇာသဗ္ဗာ = ကိုယ်စီကိုင ကိုယ့်ဒေသတွင် ပျော်ကြစပ်ရာ သတ္တဝါဟူသမျှတို့သည် သုဿယန္တု = အိပ်မက်ရှာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေ ကုန်သတည် : ။ သုမင်္ဂလာ = မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍၊ ဝုဌဟန္တု = ကောင်းစွာမိုးသောက် အလင်းရောက်လျှက် ထမြောက်နိုးကြား နိုင်ကြပါစေကုန်သတည်း ဒဂ္ဂတိံ ဂါမိ = အပါယဒုဂ္ဂတိ ရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို၊ ဒူသေန္တု = သူတော်လက်နက် တရားစက်ဖြင့်် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။ သဗ္ဗပါရမိံ = အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီပါရမီ အပေါင်းအကျင့်ကောင်းကို၊ပူရေန္တု = တစ်ဆင့်ထက်တစ်ဆင့် ရင့်သထက်ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြကါစေသတည်း။