သက်ထားတစ်ယာက်ညရောက်လာမှာ ကြောက်မိသည်။အဘယ်ကြောင့်ဆိုသော်သက်ထားတို့ ပြောင်းလာသောအိမ်ငှားအိမ်ကြီးသည်ညဆိုရင်အသံမျိုးစုံနှင့်အိပ်မရ သော ကြောင့်ဖြစ်သည်။လူရင်းမရှိသောမြို့တစ်မြို့တွင်အိမ်ငှားရှာရတာမလွယ်လှပါ။တွေ့တော့လည်းဈေးလည်းအဆင် ပြေ၊နေရာထိုင်ခင်းလည်းသဘောကျ၍ပတ်ဝန်းကျင်ကိုမ မေးမြန်းဘဲပွဲစားလက်ထဲမှာပင်အိမ်ငှားစာချုပ်ချုပ်ခဲ့ကြသည်။၆လစာချုပ်တခါတည်းချုပ်ရသည်။အိမ် လေးမှာတစ်ထပ်တိုက်လအခန်းဖွင့်လည်းကျယ်သည်။ခြံထဲမှာပန်းပင်တွေအစုံနေချင်စရာလေးဖြစ်သည်။ခြံနောက် ဖေးမှာလည်းသရက်ပင်၊အုန်းပင်တွေလဲရှိသည်။သက်ထားတို့မိသားစုသည်၄ယောက်သာရှိသည်။သက်ထားအပါအဝင်ဖေဖေမေမေမောင်လေးတို့ဖြစ်သည်။သက်ထားတို့အိမ်ကြီးကိုရောက်လာတာ၂ရက်ရှိပြီ။တစ်ညမှကောင်းကောင်းမအိပ်ရ သေးပါ။နေ့ဆိုရင် တော့ပုံမှန်အတိုင်းဘာမှမဖြစ်ပါ။ည၉နာရီကျော်ရင်ဇာတ်လမ်းကစလာပါပြီ။သက်ထားကမကြောက်တတ်သူမို့အသံကြားရာဓါတ်မီးထိုးကြည့်သည်။ဘာမှမမြင်ရပါ။ည၉နာရီဆိုရင်အသံစကြားရတာကမီးဖိုခန်းမှဖြစ်သည်။အိုးခွက်တွေလွှင့်ထုသံဖြစ်သည်။၁၀မိနစ်လောက်ဆက်တိုက်ကြားရသည်။သက်ထားတို့မောင်နှမမီးဖိုခန်းကိုသွား ချောင်းကြည့်ကြသည်။အိုးခွက် တွေကသူ့ ေနရာနဲ့သူကှိရက်နဲ့အသံ တွေဘဲကြားနေရသည်။သက်ထားမေတ္တာပို့အမျှ ဝေလိုက်ပါသည်။အသံများခဏရပ်သွားပါသည်။ဒါနဲ့သက်ထားတို့ကိုယ့်အခန်းကိုယ်ပြန်အိပ်ကြပါသည်။ခဏအကြာမှာတရှပ်ရှပ်နဲ့သက်ထားအခန်းရှေ့သို့လူတစ်ယောက် လျှောက်လာသလို့အသံကြားရပါသည်။
ဒါနဲ့အသာအယာအိပ်ရာမှထပြီးအခန်းတံခါးကိုဖွင့်ကြည့်ခဲ့သည်။ဘယ်သူမှမတွေ့ပါ။သက်ထားအိပ်ရာပြန်သွားအိပ်ပီးစိတ်ထဲမှမေတ္တာပို့အမျှ ဝေလိုက်ပါသည်။ခဏအကြာတွင်ထိုကဲ့သို့အသံကြားရပြန်ပါသည်။ဒီလိုနဲ့တစ်ညလုံးအိပ်မရပါ။မိုးလင်းတော့ဖေဖေမေမေတို့ကိုမေးကြည့်ရာသူတို့အခန်းရှေ့တွင်လည်းထိုနည်းတူတညလုံးကြားရသည်ဟုပြောကြပါသည်။သက်ထားလည်းဒီပုံအတိုင်းဆိုမဖြစ်ချေဘူး၊အိပ်ရပျက်တာနဲ့တင်မိသားစုကျန်းမာ ရေးထိခိုက် ချေမည်၊အိမ်ပတ်ဝန်းကျင်ကိုယခုအိမ်ကြီးအကြောင်း မေးကြည့်ရမည်ဟု တွေးကာအိမ်ပြင်ထွက်ကာမနီးမ ဝေးရှိကုန်စုံဆိုင် လေးကိုဈေးဝယ်ထွက်ခဲ့သည်။ဈေးဝယ်ရင်းဆိုင်ရှင်အမကိုသက်ထားတို့ငှား နေသောအိမ်အ ကြောင်း မေးကြည့်သည်။အိမ်ရှင်လင်မယားကလွန်ခဲ့သော၃လကပင်အစိမ်းသေသေထားကြ ကြောင်းပြောပြသည်။အိမ်ရှင် ယောကျာ်းမှာအရက် သောက်၍မကြာခဏလင်မယားရန်ဖြစ်ကြကြောင်း၊
တစ်ရက်မှာ တော့ယောက်ျားကအရက်ကြောင်ကြောင်ပြီးမိန်းမကိုဓါးနဲ့လည်ပင်းဖြတ်သတ်သည်။သူကိုယ်တိုင်လည်းအိမ်ထဲမှာပင်ကြိုးဆွဲချသတ်သေခဲ့သည်ဟုပြောပြသည်။အိမ်ကိုဘယ်သူမှမနေရဲကြ၍အ ဝေး ရောက်နေသော ဆွေမျိုးမကင်းသူတစ်ဦးကအိမ်ပွဲစားနဲ့ချိတ်ဆက်ပီးအိမ်ငှားစထားကြာင်း၊အမျှအတမ်းဝေခြင်းမပြုလုပ်ရသေးကြောင်းပြောပြသည်။သက်ထားလည်းအကြောင်းစုံသိရ၍ထိုလင်မယားအတွက်ဘုန်းကြီးဆွမ်းကပ်အမျှအတမ်းဝေမှုပြုလုပ် ပေးရန်မေမေတို့ကို ပြောပြမည်ဟုတွးကာအိမ်ပြန်လာခဲ့သည်။
အိမ်ပြန် ရောက်၍သက်ထားမေမေတိုးကိုပြောပြရာထိုအကြံကိုလက်ခံခဲ့ကြသည်။နီးစပ်ရာဘုန်းကြီးကျောင်းမှသံဃာ၅ပါးဆွမ်းကပ်ရန်စီစဉ်ခဲ့ကြသည်။ညနေပိုင်းတွင်ဖေဖေကဘုန်းကြီး ကျောင်းသို့သွားကာမနက်ဖြန် နေ့ဆွမ်းအတွက်သံဃာ၅ပါးအိမ်သို့အလှူခံကြွ ရောက် ပေးရန်နှင့်အိမ်မှာကြုံတွေ့နေရ သောအရာများကိုလည်းေလျာက်ထားပီးအမျှအတမ်း ပေး ဝေလို ကြောင်းလည်းလျှောက်ထားခဲ့ပီးအိမ်ပြန်လာခဲ့သည်။ညပိုင်းတွင်ဆွမ်းကပ်ရန်အတွက်ပြင်ဆင်ချက်ပြုတ်ကြသည်။ဒီအချိန်သက်ထားဗိုက်နာ၍အိမ်သာတက်ရန်ရေအိမ်သို့သွားတက်ခဲ့သည်။ရေအိမ်မှအပြန်တွင်သက်ထားနောက်မှတဖျပ်ဖျပ်နဲ့လူတစ် ယောက်လိုက်လာသံကြားရ၍လှည့်ကြည့်ရာသရဲမကြောက်တတ်သောသက်ထားပင် သတိမေ့မတတ် လန့်ဖျပ်သွား တော့သည်။ခေါင်းတစ်ခြးကိုယ်တခြားနဲ့မိန်းမတစယောက်ရပ် ေနသည်ကိုမြင်လိုက်ရ သော ကြောင့်ဖြစ်သည်။သက်ထားမှာခုတော့နဖူး တွေ့ဒူးတွေသရဲကို တွေ့လိုက်ရ တော့မေတ္တာမပို့အားနိုင်ဘဲအ မေတ၍အိမ်ထဲပြေးဝင်ခဲ့ တော့သည်။ဒီည တော့သက်ထား ကြောက်ပီးဖေ ဖေ မေမေတို့အခန် ေးပြာင်းအိပ်တော့သည်။ထုံးစံအတိုင်းအသံ တွေကတော့ကြားရမြဲပင်။မနက်မိုးလင်းတော့အိမ်နီးချင်းတချို့ကိုဆွမ်းကပ်တရားနာဖိတ်ခဲ့သည်။သူတို့နဲ့ပင်ဘုန်းကြီးဆွမ်းကပ်တရားနာကြသည်။ကြွလာ သောသံဃာ တော်များထဲမှတစ်ပါးကအရင်အိမ်ရှင်လင်မယားနဲ့သိ၍အမည်တပ်ေပးပီအမျှအတမ်း ဝေခဲ့သည်။ထိုအချိန်တွင်သက်ထားတို့နားတွင်စံပယ်ပန်းအနံ့ရလာပါသည်။သံဃာတစ်ပါးကသူတို့ကျွတ်လွတ်သွားပါပီဟုမိန့်ထားခဲ့သည်။ယခုညတွင်သက်ထားတို့သတိနဲ့နားစွင့်ပီးအိပ်ကြသည်။အသံ တွေမကြားရ တော့ပါ။သက်ထားအိမ်မက်ထဲတွင်လင်မယား၂ယောက်ရောက်လာပြီး ကျေးဇူးတင် ကြောင်းလာ ပြောတာဟုဆိုကာပျောက်ကွယ်သွားကြ တော့သည်။
အခုဆိုရင်သက်ထားတို့မိသားစု ကောင်း ကောင်းမွန်မွန်အိပ်စက်နိုင်ကြပါပြီ။စိတ်တထင့်ထင့်နဲ့မ နေကြရ တော့ပါ။
Comments
Post a Comment