ကျွန်မ ရှမ်းပြည်မြောက်ပိုင်းနယ်စပ်တစ်ခုမှာ တာဝန်ကျတုန်းကိုယ်တွ့ဖြစ်ရပ်တစ်ခု ပြောပြချင်ပါတယ်။သူငယ်ချင်းတစ်ယောက်နှင့်အတူရွာကျောင်းတစ်ခုမှာတာဝန်ကျပါတယ်။ ရောက်စက ရွာ လေးက အေးချမ်းပြီး တော တောင်ရိပ်၊စမ်းချောင်းလေးနဲ့ပျော်စရာလေးပေါ့။ကျောင်းကတော့ရွာအဝင်မှာရှိပါတယ်။တောင်ကုန်း လေးနှစ်ခုကဆင်းလာရင် စာသင် ကျောင်းလေးအရင် တွေ့ရတာပါ။ကျွန်မတို့အတွက်အိမ်လေးကတော့ရွာထဲမှာဆောက်ပေးထားပါတယ်။ခုမှကောလိပ်ဆင်းတက်သစ်စဆရာမ လေး တွေဆို တော့စာသင်ဖို့သင်ပြနည်း တွေလက်တွေ့သင်ကြားပေးဖို့စိတ်အားထက်သန်မှုအပြည့်နဲ့ ပေါ့။ကလေး တွေနဲ့ရွာသူရွာသားတွေကလည်းဆရာမတွေကိုချစ်ခင် လေးစားမှု့ရှိကြပါတယ်။သူတို့ဆီမှာရှိတဲ့စားစရာတွေရာသီ ပေါ်သီးနှံ တွေပေးကြပါတယ်။စမ်း ချောင်းလေးရော ရှိတော့ငါးကတော့ခဏတိုင်းစားရတာ ပေါ့ရှင်။ကျွန်မတို့ကလည်းသူတို့စေ တနာကိုအလဟဿမဖြစ်ရ အောင် ကလေးတွေကိုကြိုးစားပီးစာသင် ပေးကြပါတယ်။ နေ့ဆိုမနက်၈နာရီခွဲမှာကျောင်းတက်ပီးညနေ၃နာရီခွဲမှာ ကျောင်းဆင်းပါတယ်။ရွာကလူတွေကတစ်နေကုန် တောင်ယာသွားကြ တော့နေ့ဆိုရင်ကလေးတွေကျွန်မတို့နဲ့သက်ကြီးရွယ်အိုတွေဘဲရွာမှာကျန်ခဲ့ပါတယ်။ကျောင်းဆင်းရင်ရေချိုး၊ချက်ပြုတ်စားစားပီးညကျောင်းအနေနဲ့ကလေးတွေကိုအိမ်မှာစာကျက်ခိုင်းပါတယ်။အခကြေးငွေမယူဘဲကျွန်မတို့စေတနာပေါ့ရှင်။စာအံသံတညံညံနဲ့ကျေးရွာလေးရဲ့ညကိုမီးအိမ် လေးလိုအလှဆင်နကြပါတယ်။၅နာရီကစ စာကျက်စာ ရေးကြရပီး၈နာရီဆိုစာကျက်ဝိုင်းလးသိမ်းပါတယ်။အဲဒီအချိန်ကလေးမိဘတွေလာကြိုကြပါတယ်။အိမ်ခြေ၅၀ဘဲရှိတဲ့ရွာလေးဆို တော့နီးစပ်ရာအိမ် တွေကတခါတလေညကျောင်းကိုလာပီးကလေးတွေနဲ့ဆရာမတွေကိုရာသီပေါ်ပိန်းဥပြုတ် ပြောင်းဖူးပြုတ်တို့လာကျွေးကြပါတယ်။သူတို့လေး တွေအိမ်ပြန်ရင် တော့ကျွန်မတို့ကိုယ်ပိုင်ချိန် ပေါ့။ညတိုင်း ဘုရားပန်းလဲ သောက် တော်ရေကပ် ဆီမီးအ မွှေးတိုင်လှူဘုရားရှိခိုးဖြစ်ပါတယ်။ပဋ္ဌာန်း၊ဓမ္မစကြာ၊မေတ္တာသုတ်နှင့်ခန္ဓသုတ်ရွတ် အမျှအတမ်းဝေပီးမှအိပ်ရာဝင်ပါတယ်။ခန္ဓသုတ်ရွတ်ဖြစ်တာကမြွေအန္တရာယ်ကင်းအောင်ရွတ်ဖြစ်တာပါ။တောတောင်ထူပီးကျွန်မတို့အိမ်ဝင်းထဲမှာတောင်ပို့တွေရှိနေတာကြောင့်ပါ။တခါတရံကျွန်မတို့အိမ်ဝင်းတဝိုက်မြွေကြီးတစ်ကောင်ဖြတ်သွားတာမကြာခဏမြင်ကြတယ်လို့ရွာသားအချို့ကပြောကြပါတယ်။ကျွန်မတို့လဲခန္ဓသုတ်ကိုပိုပီးရွတ်ဖြစ်ကြပါတယ်။
ပြောချင်တဲ့ဇာတ်လမ်းအစကဒီမှာပါ။တစ်နေ့ကျွန်မတို့ကျောင်းဆင်းအိမ်ပြန်ပီးထမင်းဟင်းချက်ပြုတ်နေချိန်ပေါ့။ကျွန်မ မီးဖိုထဲထမင်းဟင်းချက်နေပါတယ်။သူငယ်ချင်းဆရာမကအိမ်ခန်းထဲမှာအဝတ်အစားရှင်းနေပါတယ်။ဒီအချိန်မီးဖိုထရံနားကတရှုးရှုးနဲ့အသံကြားလိုက်ရပါတယ်။ဘာလဲလို့သေချာကြည့်လိုက်တော့မဲနက်ပြောင်လက်နေတဲ့မြွေကြီးတစ်ကောင်ပါ။အလျားက၆ပေကျော်နဲ့လုံးပတ်ကလူဝကြီးလက်မောင်းလောက်ရှိပါတယ်။တရှုးရှုးနဲ့နှာမှုတ်နေပုံကတောကြီးမြွေဟောက်ပုံစံပါ။တသက်နဲ့တကိုယ်မမြင်မိတော့ကျွန်မအလွန်ထိန်လန့်မိပါတယ်။သူငယ်ချင်းဆရာမကိုလည်းအိပ်ခန်းထဲကမြန်မြန်ထွက်လာခဲ့ဖို့လှမ်း ေအာ်ပြောလိုက်ပါတယ်။ဘာလို့လဲဆိတော့ မြွေကြီးကမီးဖိုထရံကတဆင့်အိပ်ခန်းထဲဝင်သွားနေလို့ပါ။သူငယ်ချင်းလဲအလန့်တကြားပြေးလာခဲ့ပါတယ်။ကျွန်မတို့လည်းမီးဖိုထရံကချောင်းကြည့်တော့မြွေကြီးကပါးပျဉ်းထောင်ပီးကျွန်မတို့အိမ်ခေါင်မိုးကိုလှမ်းကြည့်နေပါတယ်။ကျွန်မတို့အိမ်ခေါင်မိုးကကောက်ရိုးနဲ့မိုးထားတာပါ။အဲဒီမှာကြွက်တွေလဲရှိပါတယ်။မြွေကြီးအကြိုက်ပေါ့။မြွေကြီးကအိမ်ခေါင်မိုးပေါ်ကိုအိပ်ခန်းထရံကတဆင့်လှမ်းတက်နေပါတယ်။ကျွန်မတို့လည်းရွာထဲကိုလှမ်းအော်အကူအညီတောင်းရပါတယ်။ရွာထဲမှာလည်းလူကြီးတွေတောင်ယာကမပြန်လာကြသေးဘူးဆိုပီးကလေးတွေဘဲရောက်လာကြပါတယ်။သူတို့ကလည်းမြွေကြီးမြင်ပီးလန့်လို့ငိုတဲ့ကလေးကငိုကြနဲ့ပေါ့။ဒါနဲ့ငိုတဲ့က လေးကိုချော့ ပြောပီးအိမ်ပြန်လွှတ်လိုက်ရပါတယ်။
ကျွန်မခန္ဓသုတ်ကိုသတိရသွားပါတယ်။ဒါကြောင့်မြွေကြီးကို သေချာ ကြည့်ပီး မေတ္တာပို့ခန္ဓသုတ်ကိုရွတ်ရင်းအားလုံးကိုအန္တရာယ်မ ပေးဘဲလွတ်ရာ နေရာပြောင်း ပေးဖို့သစ္စာပြုလိုက်ပါတယ်။ရုတိတရက်မြွေကြီးက ကျွန်မတို့ရှိရာနေရာကိုပြန်ကြည့်ရင်းခေါင်းညိမ့်သလို့အမူအရာလုပ်ပြပါတယ်။တဖြည်းတဖြည်းနဲ့အိမ်အောက်ဆင်းလာပီးအိမ်ဝင်းထဲကတဆင့်တောစပ်ကိုတိုးဝင် ပျောက်ကွယ်သွားပါတော့တယ်။အဲဒီနေ့ကစ ကျွန်မတို့အိမ်နားမြွေ တွေ့တယ်ပြောသံမကြားရတော့ပါ။ရွာသားတွေကဆရာမတို့မှာတန်ခိုးရှိတယ်၊မြွေမလာတော့ဘူးလို့ပြောကြပါတယ်။ကျွန်မတို့လည်းတန်ခိုးရှိတာမဟုတ်ပါဘူး။မြွေအန္တရာယ်ကင်းဂါထာကြောင့်ပါလိုပြန် ပြောပြရပါတယ်။သူတို့လည်းတောင်ယာသွားရင်မြွေအန္တရာယ်ကင်းအောင်သင်ပေးပါလို့ တောင်းဆိုကြပါတယ်။ဒါနဲ့ကလေးတွေရဲ့ညစာကျက်ဝိုင်းမှာကျောင်းသာမိဘတစ်ချို့ခန္ဓသုတ်လာသင်ကြပါတယ်။သူတို့လဲယုံယုံကြည်ကြည်နဲ့ရွတ်ဖတ်သင်ကြားကြပါတယ်။နောက်ပိုင်း တောင်ယာသွားရင် မြွေတွေ မတွေ့တော့ဘူးလို ပြောကြပါတယ်။ ဒါက တော့ခန္ဓသုတ်ရွတ်ရတဲ့အကျိူးကိုယ်တွေ့ဖြစ်ရပ်ပေါ့ရှင်။ခုထိလဲခန္ဓသုတ်ကိုယုံယုံကြည်ကြည်နဲရွတ်ဖတ်ပူဇော်စဲပါရှင်။
Comments
Post a Comment