Skip to main content

Posts

Showing posts from January, 2023

နာညတြဂါထာ၊အသက်ရှည်ဆေးဂါထာ

နာညတြ ဗောဇ္ဈာ တပသာ နာညတြိန္ဒြိယသံဝရာ၊နာညတြ သဗ္ဗနိဿဂ္ဂါ၊သောတ္တိံပဿာမိ ပါဏိနံ။ မြန်မာပြန်အနက် ဗောဇ္ဈင်ခုနစ်ပါးမြတ်တရားကိုကြဥ်ထား၍သတ္တဝါတို့၏ချမ်းသာခွင့်ကိုသင့်တို့ဆရာငါဘုရားသည်မြင်တော်မမူ။ စက္ခုခြောက်ပါးဣန္ဒြေစောင့်ထိန်းနေခြင်းကိုကြဉ်ထား၍သတ္တဝါတို့၏ချမ်းသာရာချမ်းသာခွင့်ကိုငါဘုရားသည်မြင်တော်မမူ။ အလုံးစုံသောနှစ်သက်ခြင်းတို့၏ကင်းရာအမှန်မြတ်နိဗ္ဗာန်ကိုကြဉ်ထား၍သတ္တဝါတို့၏ချမ်းသာရာချမ်းသာခွင့်ကိုသင်တို့ဆရာငါဘုရားသည်မြင်တော်မမူ

စက်ကြီးတစ်ဆယ့်သုံးပါး ဂါထာ

မိမိ အိမ်ကို မ ကောင်းကြံခြင်း ၊ အောက်လမ်းများပြုလုပ်ခြင်းများ မဖြစ်ရေလေ အောင် အာဏာစက်ထက်မြက်သော စက်ကြီး ၁၃ ပါး ဂါထာ နေ့စဥ် ရွတ်ကာ ကာကွယ်ပါလေ။ တကယ်တန်း မြန်မာတို့သည် အောက်လမ်းများ ပြုလုပ်ခြင်း များကို ယ နေ့ ခေတ်ထိ ယုံကြည်မှုများပါသည်။ စာရေးသူမှာ ကိုယ်တိုင်မကြုံမိသောကြောင့် သေချာမ ပြောနိုင် သော်လည်း ယုံကြည်သူများ စိတ်လုံခြုံစေ ရန်အလို့ငှာ ရွတ်ဖတ်သင့်သော ဂါထာကြီးဖြစ်ပါသည်။သြဇာအာဏာအရှိဆုံး ဘုရာမှစကာ ၁၃ ပါးသော အာဏာစက်ပြင်းထန်သူတို့ဖြင့် ကာကွယ်ထားခြင်းဖြစ်ပါသည်။ရောဂါဘေး စစ်ဘေးတို့ကျရောက်ချိန်တွင် မမြင်ရ သော ဘေးမျိုးစုံမှ ကင်းေ၀းကြ စေရန် တစ် နေ့ တစ် ခေါက် ဘုရားရှိခိုးရင်းရွတ်ပါရန် တိုက်တွန်းအပ်ပါသည်။ ၁။ဩောင်းတစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက် ၂။တစ်ဆယ့်လေးချက် ဓမ္မစက် ၃။တစ်ဆယ့်ရှစ်ချက် သံဃစက် ၄။လရောင်ဝင်းလျှက် ရှင်ပစ္စေကဗုဒ္ဓရဟန္တာစက် ၅။မြင့်မိုရ်တောင်ဦးမကကျူးလျှက် မိဘစက် ၆။ဂုဏ်ကျေးဇူးကိုအထူးသိလျှက် ဆရာစက် ၇။ဝရဇိန်လက်နက် ဗြဟ္မာစက် ၈။မိုးကြိုးလက်နက် သိကြားစက် ၉။လောင်မီးကျလျက် နတ်တို့စက် ၁၀။ဘွဲဖြူလက်နက် ဘီလူးစက် ၁၁။တောင်ဟုန်ပြင်းလျှက် ဂဠုန်စက် ၁၂။အာခံတွင်းဝင်းတောက်လျှက် နဂါးစက် ၁၃။သုံတောင်သင်္ချာဟေမဝန္တာအ...

သမ္ဗု‌ဒ္ဓေ ဂါထာတော်

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စဿတ သဟဿာနိ နမာမိ သိရသာမဟံ။ အပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ၊ ဇိနာ တေသံ ဓမ္မဉ္စသံဃဉ္စအာဒရေန နမာမဟံ။ နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ အနေက အန္တရာယာပိ ဝိနဿန္တု အသေသတော။ မြန်မာပြန်အနက် နှစ်ကျိတ်ရှစ်ဆူကုန်သော၊ တသောင်းနှစ်ထောင်ကုန်သော၊ငါးသိန်းကုန်သော၊မြတ်စွာဘုရားသခင်တို့အားလည်းကောင်း အကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးကန်တော့ပါ၏။ ဂင်္ဂါမြစ်ရှိသဲပွင့်လေးတို့သည် နည်းလှသေးသည်။နိဗ္ဗာန်ဝင်စံပြီးကုန်သောမြတ်စွာဘုရားသခင်တို့သည်ကားမူ မရေတွက်နိုင်များလှကုန်၏။ထိုငါးသိန်းတသောင်းနှစ်ထောင်နှစ်ကျိတ်ရှစ်ဆူကုန်သောမြတ်စွာဘုရားသခင်တို့နှင့်ဂင်္ဂါဝါဠုသဲစုမကပွင့်တော်မူပြီးကုန်သောမြတ်စွာဘုရားသခင်တို့၏တရားတော်တို့ကိုလည်းကောင်း၊သံဃာတော်တို့ကိုလည်းကောင်း၊အကျွန်ုပ်သည် ရိုသေစွာဖြင့်ရှိခိုးကန်တော့ပါ၏။ ဤသို့ရှိခိုးပူဇော်ရသောကုသိုလ်ကံစေတနာကြောင့် အလုံးစုံသော ဘေးရန်ဟူသမျှတို့ကို ပယ်ဖျောက်၍ များစွာသော အန္တရာယ်တို့ကိုလည်း အကြွင်းကျန်မရှိသောအားဖြင့် ပျောက်ပျက်ပါစေသတည်း။

စန်းပွင့် ဂါထာ

  အမရပူရ မဟာဂန္ဓာရုံဆရာတော် - အရှင်ဇနကာ ဘိဝံသ ၏ ဂါထာတော် ပဇာသဗ္ဗာ သုဿယန္တု ဝုဌဟန္တုသုမင်္ဂလာ။ ဒူသေန္တု ဒုဂ္ဂတိံ ဂါမိ၊ ပူရေန္တု သဗ္ဗပါရမီ။ ပဇာသဗ္ဗာ = ကိုယ်စီကိုင ကိုယ့်ဒေသတွင် ပျော်ကြစပ်ရာ သတ္တဝါဟူသမျှတို့သည် သုဿယန္တု = အိပ်မက်ရှာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေ ကုန်သတည် : ။ သုမင်္ဂလာ = မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍၊ ဝုဌဟန္တု = ကောင်းစွာမိုးသောက် အလင်းရောက်လျှက် ထမြောက်နိုးကြား နိုင်ကြပါစေကုန်သတည်း ဒဂ္ဂတိံ ဂါမိ = အပါယဒုဂ္ဂတိ ရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို၊ ဒူသေန္တု = သူတော်လက်နက် တရားစက်ဖြင့်် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။ သဗ္ဗပါရမိံ = အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီပါရမီ အပေါင်းအကျင့်ကောင်းကို၊ပူရေန္တု = တစ်ဆင့်ထက်တစ်ဆင့် ရင့်သထက်ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြကါစေသတည်း။  

သစ်တံခါးဆရာတော် ဟောကြားသော စတုဒီသာ အလှူ၏ ထူးချက်

  သစ်တံခါးဆရာတော်သည် အောင်မင်္ဂလာ ကျောင်းတိုက် အလုံမှ လှိုင်သာယာ စစ်ကိုင်းလမ်း ၁၀ ရပ်ကွက် သို့ ပြောင်းရွှေ့ သီတင်းသုံးနေထိုင်ပြီး သာသနာပြု သတ္တဝါကယ် ဆောင်ရွက်သာေ အချိန်အခါ မှာ ၁၄ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ ကိုယ်လဲ စရောက်စက ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နေရေသာ အခါမှစ၍ ကျောင်းမှာ အလှူလုပ်တိုင်း အလှူရှိတိုင်း ကိုယ်သုံးဆောင်ချင်သလို   သတ္တဝါတွေလဲ သုံးဆောင်ချင် စားသောက်ချင်ကြမှာပဲ။ကိုယ်မစားရ မသုံးဆောင်ရနေပါစေ ရပ်ကွက်အတွင်း မြို့နယ်တွင်းမှာ ဆင်းရဲချမ်းသာမရွေး လူကြီးလူငယ်မရွေး ဘာသာမရွေး   “ စတုဒီသာ ” ကျွေးလိုစိတ်ရှိခဲ့ပါ၏ နောက်တစ်ခုက ညစဥ်ညတိုင်း အိပ်မက်တွင်လည်း “ စတုဒီသာ ” ဒါန အမြဲပြုပေးပါ မောင်ပဥင်း ဟု အဘွားအိုကြီး အဘိုးအိုကြီး   ရုက္ခစိုးနတ်မင်းကြီး ဘုမ္မီယ နွယ်ဝင် သိုက်နန်းရှင်တွေ၊ ဆာလီဝတ် ကုလားဘိုးတော်ကြီးမှ လာလာပြောနေသ ယောင် မြင်ရကြားရ တွေ့ရပါ၏ အဲလို အတိတ်ထူး နမိတ်ထူး အာရုံထူးတွေကြောင့် ကိုယ်လုပ်နိုင်သော အလှူလေးတွေလုပ်တိုင်း   လှူသောအလှူရှင်တွေ ဘုန်းကြီးတွေ မကျွေးရင်နေပါ “ စတုဒီသာ ” အာဟာရ ဒါနလေးတော့ ပြုက...

ဝေဒါသာကု ဂါထာ

  ဝေ ဒါ သာ ကု | ကု သာ ဒါ ဝေ ဒါ ယ သာ ဒ | ဒ သာ ယ ဒါ သာ သာ ဓိ ကု | ကု ဓိ သာ သာ ကု ဒ ကု ဘု |   ဘု ကု ဒ ကု သိကြားမင်း သက်စောင့် ဂါထာဖြစ်ပါသည်။ အာဏာစက် အလွန်ပြင်းထန်တဲ့ ဂါထာတော် မြတ်ဖြစ်ပါသည်။ အတိတ် ဘဝတွေတုန်းက မိမိတို့ ပြုခဲ့ဖူးတဲ့ ဒါန ပါရမီ ကုသိုလ် ကောင်းမှုတွေကို သစ္စာပြုတိုင်တည်ပြီး ရန်အပေါင်းကိုအောင်မြင်စေ ပါတယ်။ မိမိအပေါ် မကောင်းကြံသူ မတရားအနိုင်ကျင့်သူ လူများ ဆရာဆိုးများ နတ်ဆိုးများကို တန်ပြန် ဒဏ်ပြန် ထိခိုက်စေပါတယ် ဂါထာရဲ့ အဓိက အကျိုးပေးက ရန်အပေါင်းကို အောင်မြင်တာဖြစ်ပါတယ်။ အသံပြင်းပြင်း နဲ့ ပီပီ သသ အဖြတ် အတောက် မှန်မှန် ရွတ်ဆိုပေးကြပါ ရွတ်ဆိုရလွယ်ကူတဲ့ ဂါထာလေးမို့ များများ ရွတ်ဖို့လိုပါမယ် အောင်မြင် ကျော်ကြား ကြီးမြင့်လာသူ တော်တော်များများ ရဲ့ နောက်ကွယ်မှာ အတိတ် ကံ အကျိုးပေးတွေ အပြင် ပုံမှန်လက်စွဲထား ရွတ်ဆိုလေ့ရှိတဲ့ ဂါထာတော်မြတ် တွေရဲ့ အကျိုးပေးတွေပါ ပါဝင်နေတတ်ပါတယ် ဝေဒါသာကုဂါထာတော်ကြီး မြန်မာပြန်။   ဝေ - ငါ၏ရန်သူ ဟူသမျှတို့သည်။   ဒါ - ဝေးစွာ အရပ်သို့။   သာ - လျှင်စွ...