အမရပူရ မဟာဂန္ဓာရုံဆရာတော် - အရှင်ဇနကာ ဘိဝံသ ၏ ဂါထာတော်
ပဇာသဗ္ဗာ သုဿယန္တု ဝုဌဟန္တုသုမင်္ဂလာ။
ဒူသေန္တု ဒုဂ္ဂတိံ ဂါမိ၊ ပူရေန္တု သဗ္ဗပါရမီ။
- ပဇာသဗ္ဗာ = ကိုယ်စီကိုင ကိုယ့်ဒေသတွင် ပျော်ကြစပ်ရာ သတ္တဝါဟူသမျှတို့သည် သုဿယန္တု = အိပ်မက်ရှာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေ ကုန်သတည်:။
- သုမင်္ဂလာ = မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍၊ ဝုဌဟန္တု = ကောင်းစွာမိုးသောက် အလင်းရောက်လျှက် ထမြောက်နိုးကြား နိုင်ကြပါစေကုန်သတည်း
- ဒဂ္ဂတိံ ဂါမိ = အပါယဒုဂ္ဂတိ ရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို၊ ဒူသေန္တု = သူတော်လက်နက် တရားစက်ဖြင့်် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။
- သဗ္ဗပါရမိံ = အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီပါရမီ အပေါင်းအကျင့်ကောင်းကို၊ပူရေန္တု = တစ်ဆင့်ထက်တစ်ဆင့် ရင့်သထက်ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြကါစေသတည်း။
Comments
Post a Comment