Skip to main content

ဝေဒါသာကု ဂါထာ

 ဝေ ဒါ သာ ကု | ကု သာ ဒါ ဝေ

ဒါ သာ | သာ ဒါ

သာ သာ ဓိ ကု | ကု ဓိ သာ သာ

ကု ကု ဘု |  ဘု ကု ကု


သိကြားမင်း သက်စောင့် ဂါထာဖြစ်ပါသည်။ အာဏာစက် အလွန်ပြင်းထန်တဲ့ ဂါထာတော် မြတ်ဖြစ်ပါသည်။ အတိတ် ဘဝတွေတုန်းက မိမိတို့ ပြုခဲ့ဖူးတဲ့ ဒါန ပါရမီ ကုသိုလ် ကောင်းမှုတွေကို သစ္စာပြုတိုင်တည်ပြီး ရန်အပေါင်းကိုအောင်မြင်စေ ပါတယ်။ မိမိအပေါ် မကောင်းကြံသူ မတရားအနိုင်ကျင့်သူ လူများ ဆရာဆိုးများ နတ်ဆိုးများကို တန်ပြန် ဒဏ်ပြန် ထိခိုက်စေပါတယ် ဂါထာရဲ့ အဓိက အကျိုးပေးက ရန်အပေါင်းကို အောင်မြင်တာဖြစ်ပါတယ်။ အသံပြင်းပြင်း နဲ့ ပီပီ သသ အဖြတ် အတောက် မှန်မှန် ရွတ်ဆိုပေးကြပါ ရွတ်ဆိုရလွယ်ကူတဲ့ ဂါထာလေးမို့ များများ ရွတ်ဖို့လိုပါမယ် အောင်မြင် ကျော်ကြား ကြီးမြင့်လာသူ တော်တော်များများ ရဲ့ နောက်ကွယ်မှာ အတိတ် ကံ အကျိုးပေးတွေ အပြင် ပုံမှန်လက်စွဲထား ရွတ်ဆိုလေ့ရှိတဲ့ ဂါထာတော်မြတ် တွေရဲ့ အကျိုးပေးတွေပါ ပါဝင်နေတတ်ပါတယ်


ဝေဒါသာကုဂါထာတော်ကြီး မြန်မာပြန်။ 


ဝေ - ငါ၏ရန်သူ ဟူသမျှတို့သည်။ 

ဒါ - ဝေးစွာ အရပ်သို့။ 

သာ - လျှင်စွာ။ 

ကု - ပြေးစေကုန်သတည်း။ 

ကု - ငါ့အား မကောင်းသဖြင့် ကြံကုန်သူတို့သည်။ 

သာ - မိမိအလိုလို။ 

ဒါ - အကြံအစည် ပျက်သော အားဖြင့်။ 

ဝေ - ပျောက်စေကုန်သည်။ 

ဒါ - ငါ၏စေတနာကြောင့်။ 

ယသာ - အခြံအရံ အကျော် အစောတို့သည်။ 

- ပွားများပါစေကုန်သတည်း။ 

ဒသာ - ငါပြုမိသော အကုသိုလ် ဆယ်ပါးတို့သည်။ 

- ငါပြုမိသမျှသော ကုသိုလ်ဆယ်ပါး၏ တန်ခိုးတော်ကြောင့်  

ဒါ - ပြေပျောက်စေကုန်သတည်း။ 

သာ - စက်ဆုပ်ဖွယ်သော သူတို့အားလည်းကောင်း။ 

သာ - အမျက်မာန ဒေါသရှိသော သူတို့အားလည်းကောင်း။ 

ဓိ - ဆုံးမ သြ၀ါဒပေးခြင်းဖြင့်သာလျှင်။ 

ကု - အောင်မြင်စေသတည်း။ 

ကု - ထိုသို့သော အမျက်မာန မာန်တက်သူတို့နှင့်  

ဓိ - ရှည်မြင့်စွာ။ 

သာ - မပေါင်းဖော်ရသည်။ 

သာ - ဖြစ်ပါစေသတည်း။ 

ကု - ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော။ 

- သူတော်ကောင်း တို့နှင့်သာလျှင်။ 

ကု - ဖြစ်လေရာ သံသရာ ဘ၀ အဆက်ဆက်၌။ 

ဘု - တွေ့ဆုံပေါင်းဖော်ခြင်းကို ပြုရစေသတည်း။ 

ဘု - အကုသိုလ် စရိုက်ပွားများသူတို့နှင့်။ 

ကု - ဖြစ်လေရာ ဘ၀သံသရာ အဆက်ဆက်၌။ 

- အခါခပ်သိမ်း။ 

ကု - တွေ့ဆုံပေါင်းဖော်ခြင်း မပြုရ သည် ဖြစ်ပါစေသတည်း။

Comments

Popular posts from this blog

နမောတေဂါထာတော်

      အခက်အခဲ အကျဥ်းအကြပ်ထဲသို့ ရောက် ေနပါက ရွတ်ဆိုနိုင်သော ဂါထာဖြစ်ပါသည်။ စီးပွားရေးအကြပ်အတည်း၊ ငွေရေးကျေးရေးအကြပ်အတည်း နှင့် အကျဥ်းကျနေသူများပါ ရွတ်ဖတ်သင့်ပါသည်။ မြတ်စွာဘုရားသည် အောင်ခြင်း ၈ ပါးကို အောင်နိုင်သကဲ့သို့ မိမိသည်လဲ ကျရောက်နေသော အခက်အခဲ ဒု က္ခ မှ လွတ် ေမြာက်ရန် တိုင်တည် ခြင်းပင်ဖြစ်ပါသည်။  နာမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။ သမ္ဗာဓပ္ပဋိပန္နောသိ၊တဿ မေ သရဏံ ဘဝ။ သီလနှင့်မွေ့‌လျော်သုံးဘုံကျော်ကြားရှင်တာ်ဘုရားအား ဘုရားတပည့်‌ တော်၏ကာယဝစီမနောချီ၍ရှိခိုးခြင်းသည်မုချမသွေဖြစ်ပါစေသတည်း။အကြွင်းမဲ့အလုံးစုံသိတော်မူသောဘေးရန်ကင်းငြားရှင်ဘုရားသည်ခာတ်ကာလအလျောက်ပေါ်ပေါက်များစွာရောဂါရန်စွယ်ဟူသမျှမှပါရမီတန်ခိုးဖြင့်ပယ်နှိမ်ချိုးသကဲ့သို့ကင်းလွတ်တော်မူသည်ဖြစ်တော်မူပေ၏ဘုရား။မြတ်စွာဘုရားကိုအားထားပူဇော်ရာဘုရားတပည့်တော်မှာဒုက္ခစက်အတွင်းသို့ကျရောက်နေ၍ဝဋ်မကင်းသဖြင့်ညွှတ်ကွင်းပမာဖြစ်နေရပါ၏ဘုရား။ကရုဏာကြီးမားရှင်တော်ဘုရားသည်တပည့်တော်၏ဘေးကင်းရန်ပချမ်းသာရကြောင်းမြတ်သောမှီခိုရာသည်ကရုဏာမိုးသွန်းကာဖြိုးလျက်နှစ်သက်ကြည်ဖြူဖြစ်တော်မူပါဘုရား။

စက်ကြီးတစ်ဆယ့်သုံးပါး ဂါထာ

မိမိ အိမ်ကို မ ကောင်းကြံခြင်း ၊ အောက်လမ်းများပြုလုပ်ခြင်းများ မဖြစ်ရေလေ အောင် အာဏာစက်ထက်မြက်သော စက်ကြီး ၁၃ ပါး ဂါထာ နေ့စဥ် ရွတ်ကာ ကာကွယ်ပါလေ။ တကယ်တန်း မြန်မာတို့သည် အောက်လမ်းများ ပြုလုပ်ခြင်း များကို ယ နေ့ ခေတ်ထိ ယုံကြည်မှုများပါသည်။ စာရေးသူမှာ ကိုယ်တိုင်မကြုံမိသောကြောင့် သေချာမ ပြောနိုင် သော်လည်း ယုံကြည်သူများ စိတ်လုံခြုံစေ ရန်အလို့ငှာ ရွတ်ဖတ်သင့်သော ဂါထာကြီးဖြစ်ပါသည်။သြဇာအာဏာအရှိဆုံး ဘုရာမှစကာ ၁၃ ပါးသော အာဏာစက်ပြင်းထန်သူတို့ဖြင့် ကာကွယ်ထားခြင်းဖြစ်ပါသည်။ရောဂါဘေး စစ်ဘေးတို့ကျရောက်ချိန်တွင် မမြင်ရ သော ဘေးမျိုးစုံမှ ကင်းေ၀းကြ စေရန် တစ် နေ့ တစ် ခေါက် ဘုရားရှိခိုးရင်းရွတ်ပါရန် တိုက်တွန်းအပ်ပါသည်။ ၁။ဩောင်းတစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက် ၂။တစ်ဆယ့်လေးချက် ဓမ္မစက် ၃။တစ်ဆယ့်ရှစ်ချက် သံဃစက် ၄။လရောင်ဝင်းလျှက် ရှင်ပစ္စေကဗုဒ္ဓရဟန္တာစက် ၅။မြင့်မိုရ်တောင်ဦးမကကျူးလျှက် မိဘစက် ၆။ဂုဏ်ကျေးဇူးကိုအထူးသိလျှက် ဆရာစက် ၇။ဝရဇိန်လက်နက် ဗြဟ္မာစက် ၈။မိုးကြိုးလက်နက် သိကြားစက် ၉။လောင်မီးကျလျက် နတ်တို့စက် ၁၀။ဘွဲဖြူလက်နက် ဘီလူးစက် ၁၁။တောင်ဟုန်ပြင်းလျှက် ဂဠုန်စက် ၁၂။အာခံတွင်းဝင်းတောက်လျှက် နဂါးစက် ၁၃။သုံတောင်သင်္ချာဟေမဝန္တာအ...

စန်းပွင့် ဂါထာ

  အမရပူရ မဟာဂန္ဓာရုံဆရာတော် - အရှင်ဇနကာ ဘိဝံသ ၏ ဂါထာတော် ပဇာသဗ္ဗာ သုဿယန္တု ဝုဌဟန္တုသုမင်္ဂလာ။ ဒူသေန္တု ဒုဂ္ဂတိံ ဂါမိ၊ ပူရေန္တု သဗ္ဗပါရမီ။ ပဇာသဗ္ဗာ = ကိုယ်စီကိုင ကိုယ့်ဒေသတွင် ပျော်ကြစပ်ရာ သတ္တဝါဟူသမျှတို့သည် သုဿယန္တု = အိပ်မက်ရှာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေ ကုန်သတည် : ။ သုမင်္ဂလာ = မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍၊ ဝုဌဟန္တု = ကောင်းစွာမိုးသောက် အလင်းရောက်လျှက် ထမြောက်နိုးကြား နိုင်ကြပါစေကုန်သတည်း ဒဂ္ဂတိံ ဂါမိ = အပါယဒုဂ္ဂတိ ရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို၊ ဒူသေန္တု = သူတော်လက်နက် တရားစက်ဖြင့်် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။ သဗ္ဗပါရမိံ = အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီပါရမီ အပေါင်းအကျင့်ကောင်းကို၊ပူရေန္တု = တစ်ဆင့်ထက်တစ်ဆင့် ရင့်သထက်ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြကါစေသတည်း။