Skip to main content

သမ္ဗု‌ဒ္ဓေ ဂါထာတော်



သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ၊

ပဉ္စဿတ သဟဿာနိ နမာမိ သိရသာမဟံ။

အပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ၊

ဇိနာ တေသံ ဓမ္မဉ္စသံဃဉ္စအာဒရေန နမာမဟံ။

နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊

အနေက အန္တရာယာပိ ဝိနဿန္တု အသေသတော။


မြန်မာပြန်အနက်

နှစ်ကျိတ်ရှစ်ဆူကုန်သော၊ တသောင်းနှစ်ထောင်ကုန်သော၊ငါးသိန်းကုန်သော၊မြတ်စွာဘုရားသခင်တို့အားလည်းကောင်း

အကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးကန်တော့ပါ၏။

ဂင်္ဂါမြစ်ရှိသဲပွင့်လေးတို့သည် နည်းလှသေးသည်။နိဗ္ဗာန်ဝင်စံပြီးကုန်သောမြတ်စွာဘုရားသခင်တို့သည်ကားမူ မရေတွက်နိုင်များလှကုန်၏။ထိုငါးသိန်းတသောင်းနှစ်ထောင်နှစ်ကျိတ်ရှစ်ဆူကုန်သောမြတ်စွာဘုရားသခင်တို့နှင့်ဂင်္ဂါဝါဠုသဲစုမကပွင့်တော်မူပြီးကုန်သောမြတ်စွာဘုရားသခင်တို့၏တရားတော်တို့ကိုလည်းကောင်း၊သံဃာတော်တို့ကိုလည်းကောင်း၊အကျွန်ုပ်သည် ရိုသေစွာဖြင့်ရှိခိုးကန်တော့ပါ၏။

ဤသို့ရှိခိုးပူဇော်ရသောကုသိုလ်ကံစေတနာကြောင့် အလုံးစုံသော ဘေးရန်ဟူသမျှတို့ကို

ပယ်ဖျောက်၍ များစွာသော အန္တရာယ်တို့ကိုလည်း အကြွင်းကျန်မရှိသောအားဖြင့် ပျောက်ပျက်ပါစေသတည်း။

Comments

Popular posts from this blog

နမောတေဂါထာတော်

      အခက်အခဲ အကျဥ်းအကြပ်ထဲသို့ ရောက် ေနပါက ရွတ်ဆိုနိုင်သော ဂါထာဖြစ်ပါသည်။ စီးပွားရေးအကြပ်အတည်း၊ ငွေရေးကျေးရေးအကြပ်အတည်း နှင့် အကျဥ်းကျနေသူများပါ ရွတ်ဖတ်သင့်ပါသည်။ မြတ်စွာဘုရားသည် အောင်ခြင်း ၈ ပါးကို အောင်နိုင်သကဲ့သို့ မိမိသည်လဲ ကျရောက်နေသော အခက်အခဲ ဒု က္ခ မှ လွတ် ေမြာက်ရန် တိုင်တည် ခြင်းပင်ဖြစ်ပါသည်။  နာမော တေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ။ သမ္ဗာဓပ္ပဋိပန္နောသိ၊တဿ မေ သရဏံ ဘဝ။ သီလနှင့်မွေ့‌လျော်သုံးဘုံကျော်ကြားရှင်တာ်ဘုရားအား ဘုရားတပည့်‌ တော်၏ကာယဝစီမနောချီ၍ရှိခိုးခြင်းသည်မုချမသွေဖြစ်ပါစေသတည်း။အကြွင်းမဲ့အလုံးစုံသိတော်မူသောဘေးရန်ကင်းငြားရှင်ဘုရားသည်ခာတ်ကာလအလျောက်ပေါ်ပေါက်များစွာရောဂါရန်စွယ်ဟူသမျှမှပါရမီတန်ခိုးဖြင့်ပယ်နှိမ်ချိုးသကဲ့သို့ကင်းလွတ်တော်မူသည်ဖြစ်တော်မူပေ၏ဘုရား။မြတ်စွာဘုရားကိုအားထားပူဇော်ရာဘုရားတပည့်တော်မှာဒုက္ခစက်အတွင်းသို့ကျရောက်နေ၍ဝဋ်မကင်းသဖြင့်ညွှတ်ကွင်းပမာဖြစ်နေရပါ၏ဘုရား။ကရုဏာကြီးမားရှင်တော်ဘုရားသည်တပည့်တော်၏ဘေးကင်းရန်ပချမ်းသာရကြောင်းမြတ်သောမှီခိုရာသည်ကရုဏာမိုးသွန်းကာဖြိုးလျက်နှစ်သက်ကြည်ဖြူဖြစ်တော်မူပါဘုရား။

အဋ္ဌာနမေတံ ဂါထာ

  အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော ယံ ပရူပက္ကမေန တထာဂတံ ဇိဝိတာ  ဝေါရောပေယျ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ ဧတေန သစ္စဝဇ္ဇေန သောတ္ထိတေ ဟောတုသဗ္ဗဒါ။ မြန်မာပြန်အနက် ဘုရားရှင်တို့မည်သည် သူတပါးတို့၏လုံးလပယောဂဖြင့်သေရိုးထုံးစံမရှိ၊အချိန်တန်မှသာ  အလိုအလျောက် ပရိနိဗ္ဗာန်စံတော်မူကြသည်။ ဤမှန်သောသစ္စာကြောင့် ဘုရားတပည့်တော်တို့အားကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရပါလို၏ဘုရား။

စက်ကြီးတစ်ဆယ့်သုံးပါး ဂါထာ

မိမိ အိမ်ကို မ ကောင်းကြံခြင်း ၊ အောက်လမ်းများပြုလုပ်ခြင်းများ မဖြစ်ရေလေ အောင် အာဏာစက်ထက်မြက်သော စက်ကြီး ၁၃ ပါး ဂါထာ နေ့စဥ် ရွတ်ကာ ကာကွယ်ပါလေ။ တကယ်တန်း မြန်မာတို့သည် အောက်လမ်းများ ပြုလုပ်ခြင်း များကို ယ နေ့ ခေတ်ထိ ယုံကြည်မှုများပါသည်။ စာရေးသူမှာ ကိုယ်တိုင်မကြုံမိသောကြောင့် သေချာမ ပြောနိုင် သော်လည်း ယုံကြည်သူများ စိတ်လုံခြုံစေ ရန်အလို့ငှာ ရွတ်ဖတ်သင့်သော ဂါထာကြီးဖြစ်ပါသည်။သြဇာအာဏာအရှိဆုံး ဘုရာမှစကာ ၁၃ ပါးသော အာဏာစက်ပြင်းထန်သူတို့ဖြင့် ကာကွယ်ထားခြင်းဖြစ်ပါသည်။ရောဂါဘေး စစ်ဘေးတို့ကျရောက်ချိန်တွင် မမြင်ရ သော ဘေးမျိုးစုံမှ ကင်းေ၀းကြ စေရန် တစ် နေ့ တစ် ခေါက် ဘုရားရှိခိုးရင်းရွတ်ပါရန် တိုက်တွန်းအပ်ပါသည်။ ၁။ဩောင်းတစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက် ၂။တစ်ဆယ့်လေးချက် ဓမ္မစက် ၃။တစ်ဆယ့်ရှစ်ချက် သံဃစက် ၄။လရောင်ဝင်းလျှက် ရှင်ပစ္စေကဗုဒ္ဓရဟန္တာစက် ၅။မြင့်မိုရ်တောင်ဦးမကကျူးလျှက် မိဘစက် ၆။ဂုဏ်ကျေးဇူးကိုအထူးသိလျှက် ဆရာစက် ၇။ဝရဇိန်လက်နက် ဗြဟ္မာစက် ၈။မိုးကြိုးလက်နက် သိကြားစက် ၉။လောင်မီးကျလျက် နတ်တို့စက် ၁၀။ဘွဲဖြူလက်နက် ဘီလူးစက် ၁၁။တောင်ဟုန်ပြင်းလျှက် ဂဠုန်စက် ၁၂။အာခံတွင်းဝင်းတောက်လျှက် နဂါးစက် ၁၃။သုံတောင်သင်္ချာဟေမဝန္တာအ...