သစ်တံခါးဆရာတော်သည် အောင်မင်္ဂလာ ကျောင်းတိုက် အလုံမှ လှိုင်သာယာ စစ်ကိုင်းလမ်း ၁၀ ရပ်ကွက် သို့ ပြောင်းရွှေ့ သီတင်းသုံးနေထိုင်ပြီး သာသနာပြု သတ္တဝါကယ် ဆောင်ရွက်သာေ
အချိန်အခါ မှာ ၁၄ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။
ကိုယ်လဲ စရောက်စက ဆင်းဆင်းရဲရဲ ချို့ချို့တဲ့တဲ့ နေရေသာ အခါမှစ၍ ကျောင်းမှာ အလှူလုပ်တိုင်း အလှူရှိတိုင်း ကိုယ်သုံးဆောင်ချင်သလို သတ္တဝါတွေလဲ
သုံးဆောင်ချင် စားသောက်ချင်ကြမှာပဲ။ကိုယ်မစားရ မသုံးဆောင်ရနေပါစေ ရပ်ကွက်အတွင်း မြို့နယ်တွင်းမှာ ဆင်းရဲချမ်းသာမရွေး လူကြီးလူငယ်မရွေး ဘာသာမရွေး
“စတုဒီသာ” ကျွေးလိုစိတ်ရှိခဲ့ပါ၏
နောက်တစ်ခုက ညစဥ်ညတိုင်း အိပ်မက်တွင်လည်း “စတုဒီသာ” ဒါန အမြဲပြုပေးပါ မောင်ပဥင်း ဟု အဘွားအိုကြီး အဘိုးအိုကြီး ရုက္ခစိုးနတ်မင်းကြီး ဘုမ္မီယ နွယ်ဝင် သိုက်နန်းရှင်တွေ၊
ဆာလီဝတ် ကုလားဘိုးတော်ကြီးမှ လာလာပြောနေသ ယောင် မြင်ရကြားရ တွေ့ရပါ၏ အဲလို အတိတ်ထူး နမိတ်ထူး အာရုံထူးတွေကြောင့် ကိုယ်လုပ်နိုင်သော အလှူလေးတွေလုပ်တိုင်း
လှူသောအလှူရှင်တွေ ဘုန်းကြီးတွေ မကျွေးရင်နေပါ “စတုဒီသာ” အာဟာရ ဒါနလေးတော့ ပြုကြကွဆိုပြီး ပြောခဲ့ရပါ၏ ဤစတုဒီသာ အဟာရကိုလည်း ရဟန်းအမ ကျောင်းအမကြီးဖြစ်သော ဒေါ်မိုးမိုး မိသားစုနဲ့ bwl company မိသားစုတွေမှ စပြီးဆောင်ရွက်လာသည်မှာ အမြဲမပြတ်ဖြစ်ပါ၏ နောက် ရွှေပန်ဆိုင်း စားသောက်ဆိုင် မိသားစု၊ မော့ဖိုင်း ခြင်ဆေးခွေ မိသားစုတွေမှ အောင်
မင်္ဂလာ ရှမ်းခေါက်ဆွဲဆိုင်မှ အစပြုလာကာ ယခုဆို အလှူရှင်းတိုင်း လာကျွေးကြ လာလှူကြနဲ့ အနုပညာရှင် တေးသံရှင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ ထုနဲ့ထေး ဖြစ်ကြပြီး လှူသူတိုင်း
“စတုဒီသာ” ကျွေးမွေးသူတိုင်းလည်း အောင်မြင်ကြပြီး ဝမ်းသာပီတိ ဖြစ်ကြရကာ ကောင်းသတင်း ဖြစ်လာပါ၏
ထူးခြားချက်
“စတုဒီသာ” ကျွေးမွေးသူတိုင်း လာဘ်ပွင့် ငွေဝင်၍ အလုပ်အကိုင်သစ်ပေါ်ခြင်း နှစ်ပေါင်းများစွာ မရသော အကြွေးမည်များ ပြန်လာပေးခြင်း၊ ကားသစ်အိမ်သစ်ရပြီး စီးပွားတက်ခင်း
ဘေးအန္တရာယ်မှကျော်လွှားနိုင်ခြင်း၊မထင်မှတ်ဘဲ အလုပ်အတွက် ငွေထုတ်ပေးမည့်သူ ပေါ်လာခြင်း၊ အိပ်မက်တွေလာပေးခြင်း၊ မြေဝင် အိမ်ခြံတွေ ဝင်လာခြင်း၊ “ဝသုန္ဒရေ”
မြေစောင့်နတ်မှ အိပ်မက်ပေးခြင်း၊ ကျောင်းဝင်းအတွင်း ရုက္ခစိုးမှ အိပ်မက်ပေးခြင်း၊ ယက္ခ ဘိုးဘိုးကြီးကို တွေ့မြင်၍စကားပြောရခြင်းဟူသော လက်တွေ့မျက်မြင် သာဓကတွေဖြစ်ရပါ၏
လူမျိုးမရွေးဘာသာမရွေး ကျောသားရင်သားမခွဲခြား ဆင်းရဲ ချမ်းသာမခွဲခြားသော အလှူဖြစ်သောကြောင့် ပို၍ လွန်ကဲထူးမြတ်လှပါ၏အချိုအချဥ် အငံအစပ်လဲ မပြောကြပါ။
လာစားသူတိုင်း ပြုံးရွှင်၍ လန်းဆန်းနေကြပါ၏ ဘယ်သူ့မျက်နှာမှကြည့်စရာမလိုပါ။ စိတ်ချမ်းသာလှပါ၏
လာရောက်စားသုံးသူအပေါင်းသူတော်ကောင်းတို့သည် ရောဂါပျောက်ကြပါစေ။ ကျန်းမာချမ်းသာ၍ ဤသဒ္ဓါတရားပြတ်သားစွာလှူအပ်သော “စတုဒီသာ” အာဟာရဒါန စားသုံးပြီး
ကိုယ်တွင်းရောဂါ။သွေးတွင်းရောဂါ အနှောက်အယှက်မျိုးစုံတို့ရှိခဲ့ပါက ကင်းပျောက်စေပြီး ဘေးမရောက်ကြဘဲ ကျန်းမာချမ်းသာပါစေ၊ ဘေးဥပါဒ် အန္တရာယ် ကင်းစင်ဝေး၍
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေဟု မေတ္တာ ပွါးပါ။
နောက်တစ်ခုက သစ်တံခါးဆရာတော်ဆီ မသိပါပဲ အိပ်မက်မက်၍ ကျောင်းတိုက်တွင် ကြက်ပျံမကျ “စတုဒီသာ” အလှူကြီး ကျွေးနေရပေးနေရပြီး
အိပ်မက်မက်ခြင်း စသော ကောင်းကျိုးတွေလာလာပြီးလျှောက်ထား၍ သိရပါ၏ မြင်ရပါ၏ တွေ့ရပါ၏
သစ်တံခါးဆရာတော်မှလဲ သစ္စာပြုထားပုံ “ဤစတုဒီသာလှူကြသော ဒကာ ဒကာမတွေ ဘေးရန်ကင်း၍ ဆင်းရဲကင်းကွာအောင်မြင်ကြပါစေ၊ အခက်အခဲကျော်ကာ အောင်မြင်ကြ
ပါစေ၊ လာဘ်ပွင့်ပါစေ၊ငွေဝင်၍ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကင်းပါစေ။ကျန်းမာစွာဖြင့် ချမ်းသာနိုင်ပါစေ အမြဲ မေတ္တာ ပို့လွတ်လျှက်ပါ၊ကောင်းသထက်ကောင်းအောင် ဆောင်ရွက်စေပါ၏
အတော်အတန် ရောဂါဘယတွေ “သစ်တံခါးဆရာတော်၏ အောင်မြေနင်းပြီး စတုဒီသာ စားသုံးသည်နှင့် ပျောက်ကင်းရပါ၏” ဒါမမြင်ရသော စွမ်းအားကြီးမားသော မေတ္တာဓါတ် စေတနာဓါတ်
သစ္စာဓါတ် တွေဖြစ်ရပါသည် မဟုတ်ပါလား ။
တကယ်ပါ စာသင်သားဘဝ ငယ်စဥ်အခါက ဖြစ်ချင်ခဲ့သော ဖြစ်လိုသော ဆန္ဒတွေ တကယ်လက် တွေ့ မျက်မြင် ဖြစ်ခဲ့ရပါ၏
“အားကျခဲ့သော ဆရာတော်ကြီးများ “ မေတ္တာဓါတ်အားဖြင့် ဂုဏ်တော်စွမ်းအား၊ အဓိဌာန်ချက် စွမ်းပကား၊ သီလဂုဏ်။သမာဓိဂုဏ်များဖြင့် အောင်မြင်ခဲ့သော ရွှေပေါ်ကျွန်းဆရာတော်ကြီး အေးမြသာခေါင်၊ သာမညဆရာတော်ကြီး လာလာသမျှ ဧည့်ပရိတ်သတ်နှင့် သားတပည့် သာဝကတွေကို “စတုဒီသာ” အာဟာရဒါန ကျွေးမွေးပြီး အမြဲတစေ လှူဒါနပြုခဲ့သည် မဟုတ်ပါလား။
မှန်ကန်သော စေတနာ မေတ္တာ သစ္စာ စွမ်းအားတွေကြောင့် ဖူးမျှော်သူတိုင်း စားသုံးသူတိုင်း ရောဂါတွေ ပျောက်ရပြီး အအေးဓါတ်တွေ ပေးစွမ်းနိုင်ပါစေ။
ယခုလက်ရှိမှာ မိုင်းဖုန်းဆရာတော်ကြီးဟာ တကယ်ကျင့် တကယ်အားထုတ် တကယ် အဓိဌာန်အောင်၍ ရောက်ရာ အရပ် နေရာတိုင်းမှာ မေတ္တာရိပ်ခိုလှုံချင်သူ မေတ္တာအအေးဓတ် ကူးချင်သူတွေ
ပေါများပြီး သာသနာအကျိုး ပရဟိတအကျိုး ဆောင်ရွက်နိုင်ခြင်းဖြစ်ရပါ၏
ကိုယ်တိုင်လဲ မလုပ်ချင် သူတစ်ပါး လုပ်ပြီး အောင်မြင်တာလည်း မနာလိုစိတ် တွေပွားပြီး အကုသိုလ်ဖြစ်နေသူတွေလည်း ထုနဲ့ထေးပါဘဲ။ မှတ်ထားရမှာက အဲဒီလို အကုသိုလ်ဖြစ်နေသူ မဖြစ်ရအောင် “ရောက်အောင်လာ။ မြင်အောင်ကြည့်၊ သိအောင်လုပ်ကြည့်ပြီး ဟုတ်ပီဆိုမှ ပြောပါက ပိုကောင်းမည်” ဖြစ်ပါ၏
သစ်တံခါး ဆရာတော် ရေးသားသော “ဗောဓိညောင်ပင် အဓိဌာန်ကျင့်စဥ်နှင့် ကံထူး ကံမြင့် လာဘ်ပွင့် လောကီ အောင်မြင်စေကြောင်း အဓိဌာန်ကျင့်စဥ်များ” မှ ကောက်နှုတ်တင်ပြပါသည်။
Comments
Post a Comment