ဖြစ်ရပ်မှန်ကို
အခြေခံကာ ရေးသားပါသည်။
တောင်ပေါ်မြို့လေးတစ်မြို့မှာပါ။
၁၀ တန်း စာမေးပွဲနောက်ဆုံး နေ့ဖြစ်သည်။ ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေပြီးလို့
ပျော်ရွှင်စွာ ပျော်ပါး စွာ စားသောက်
သွားလာနေကြသည်။ လူငယ်ဘ၀ အခက်ခဲဆုံးဖြစ်သော စာမေးပွဲဖြေပြီးကြပြီဆိုတော့
ပျော်ကြပြီပေါ့။ တချို့က စျေး၀ယ်ထွက်ကြ။
နုနု (နာမည်လွှဲ) တို့သူငယ်ချင်းတစ်စု မြို့အနီးရှိ ရေတံခွန်ကို ပျော်ပွဲစားထွက်ဖို့ တိုင်ပင်ထားကြပြီးဖြစ်လို့
ပြင်ဆင်နေကြပြီ။
နုနု
ညီမလေး မူမူ မှာ ၉ တန်း ဖြေထားပြီးဖြစ်လို့ အားနေသည်မှာကြာပီ။
နုနုတို့ ပျော်ပွဲစားသွားကြမည်ဆိုတော့ မူမူလဲ လိုက်ချင်ကြောင်းပြီး လိုက် လာခဲ့သည်။ ရေတံခွန်
မှာ မနက်အစောမှ စပြီး လမ်း လျှောက် ကြရာ ၁၀ နာရီ အချိန်ခန့်တွင် ရေတံခွန်သို့ ရောက်သည်။
အားလုံးပါလာသည့် မုန့်များကို ကျောက်ဆောင်များပေါ်တွင် တင်ပီး ရေတခွန် သို့ ဆင်းကာ
ပျော်ပျော်ပါးပါး ရေကစားကြသည်။အားလုံး
အကြိုက်ဆုံးမှာ ရေတံခွန် အောက်တည့်တည့်တွင် ရေကစားရခြင်းဖြစ်သည်။
ရေထဲကို
ခုန်ဆင်း ပြီး ကစားကြရင်းနဲ့ ညီမလေးမူမူရဲ့ ခြေထောက်ကလေးက ကျောက်ဆောင်ကြားထဲ ညပ်သွားပါရော။
ညပ်တဲ့ကျောက်ဆောင်က ရေတခွန် ရေကျနေတဲ့ အောက်တည့်တည့်ဖြစ်နေတယ်။
စစချင်းမှာတော့
သူငယ်ချင်းတွေက တစ်ယောက်ပီးတစ်ယောက် ရေငုပ်ပြီး ခြေထောက်ကို ဆွဲထုတ်ကြတယ်။အဲဒိအချိန်ထိ
ရီမောမောပဲ။ ညပ်နေတာကလဲ ခြေထောက်တစ်ခုလုံးမဟုတ်။
ခြေသန်းလေးပဲ။
ဒါပေမဲ့ တစ်ယောက်ပြီးတစ်ယောက်ဆွဲထုတ်ကြတာ မရနိုင်။ အပေါ်က နေကျနေတဲ့ ရေအားလဲ ပါမှာပေါ့
။လူတွေကလဲ ကြာတော့ပန်းလာကြတယ်။ အဲ့အချိန်မှာ နုနုတို့ အဖွဲ့လိုပဲ ရေတံခွန်ကို လာလည်တဲ့
ကောင်လေးတစ်စုကလဲ ကူညီပီး ငုတ်ပေးပါတယ်။ ဒါပေမဲ့မရ။ နောက်ဆုံးမှာ အမတစ်ယောက်ပဲ ကျန်ခဲ့
ပြီး ကျန်တဲ့ သူတွေက ကြောက်လန့် ပြီး ပြန်ပြေးကြပါလေရော။ သနာစရာ နုနု မှာ ညီမ တဖြည်းဖြည်းရေထဲမြုတ်ပြီး
အသက်ဆုံးရှုံးသွားတာကို တစ်ယောက်တည်း ငိုကာ
မြင်လိုက်ရတာပေါ့။ နောက်ဆုံး အနီးဆုံးရွာကနေတစ်ဆင့် မြို့ထဲက မိဘတွေကို အကြောင်းကြား
အကူညီတောင်း ကြရတော့တာ ပေါ့။ နောက်ဆုံး မိဘတွေနဲ့ လူကြီးတွေရောက်လာပြီး အလောင်းကို
ဆွဲထုတ်တော့လဲ ထုတ်မရကြဘူး။ အဲဒိတော့ မိဘတွေဟာ တောစောင့်နတ်တောင် စောင့်နတ်တွေကို ကန်တော့ပွဲတွေနဲ့
ကန်တော့ပသကြတယ်။ မိုးကာတွေ ယူပြီး ရေတံခွန်ကရေကျနေရာကို ရေလွှဲတွေ ဆောက်ရတော့တာပေါ့။
အဲဒိတော့မှ အလောင်းကို ဆွဲထုတ်လို့ရကြတာပေါ့။ အားလုံး ငိုကြွေးကြေကွဲပြီး ပြန်လာကြရတယ်။
အိမ်ပြန်ရောက်ပြီး ညကျ နုနုတို့ အမေကို အိပ်မက်ပေးပါရော။
အိပ်မက်ထဲမှာ မူမူက “အမေရယ် အရမ်းချမ်းတယ် အနွေးထည်လေး ပို့ပေးပါအုံး။ ဗိုက်လဲဆာတယ်
စားစရာလေး ပေးပါအုံးနဲ့ တောင်းနေရှာတယ်။ ပြီး တော့ မူမူ ထပ်ပြောတယ်။ သမီးကို ရေအောက်ထဲ က မဲမဲအကောင်ကြီးက ဆွဲထားလို့
သူ့ ရုန်းလို့မရဖြစ်သွားရတယ်။ ပြီးတော့ အဲ့အကောင်ကြီးက ပြောတယ်တဲ့ သူ့ မှာ ဒီရေတံခွန်မှာ
စောင့်နေရတာ အရမ်းကိုပျင်းနေပြီး လူစားလှဲဖို့ စောင့်နေတာဖြစ်ကြောင်း နဲ့ မူမူလဲ ဒီမှ
၅ နှစ်လောက်နေပြီးမှ လွတ်မြောက်မှာဖြစ်ကြောင်း ကို မူမူမိခင်ကို အိပ်မက်ပေးပါတယ်။ မိခင်မှာတော့
တရှိုက်ရှိုက်ငို ရင်း သမီးရှိမယ် ယုံကြည်နေတဲ့ ရေတံခွန်ဆီကို အစားအစာလေးတွေနဲ့ အကျီလေးတွေ
ကို နောက်နေ့ သွားပို့တာ ပေါ့။ ပုံပြင်ကတော့
ဒါလေးပါပဲနော်။ ဖြစ်ခဲ့တာ ကြာခဲ့ပြီမို့ ခုအချိန် မူမူလေး ကောင်းရာဘုံကို ရောက်ရှိ
နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Comments
Post a Comment