သုဂတော ငါးချက် ပုတီးစိတ်နည်း ကို ရွှေပေါ်ကျွန်း သံတော် ဆင့် မှ တွေ့ရဖတ်ရပြီး ဦးသိိန်းထွန်းကြည် (အင်းဝ) ရေးသားသော စာအုပ်မှ တွေ့ရပြီး ရေးဖြစ်ပါသည်။
သုဂတော ငါးချက်သည် စာတစ်ကြောင်းလျှင် စာလုံး ၈လုံးဖြစ်ပြီး သုဂတော ဟူသော စာလုံးငါးကြိမ် ပါသောကြောင့် သုဂတော ငါးချက်ဟု ခေါ်ဆိုခြင်းဖြစ်သည်။
သုဂတော ငါးချက်ဂုဏ်တော် ပါဠိတော်
သုဂတော သုဂတဌာနံ
သုဂတော သုန္ဒရမ္ပိစ
နိဗ္ဗာနံ သုဂတောယာတိ
သုဂတော တေ နမော နမာ
သုဂတော ငါးချက်ဂုဏ်တော် မြန်မာပြန်
သုဂတော - ကောင်းသောစကားကိုသာဆိုတော်မူသော မြတ်စွာဘုရားသည်
သုဂတဌာနံ - ကောင်းသော နိဗ္ဗာန် သို့ပို့ဆောင် တော်မူတတ်သည်
သုဂ တော - ရှေးဘုရားတို့ကဲ့သို့လာချင်းကောင်းတော်မူသော မြတ်စွာဘုရားသည်
သုန္ဒရမ္ပိစ - သုန္ဒရံ ကောင်းမြတ်သော နိဗ္ဗာန် သို့လဲ ၊ ယာတိ ကြွတော်မူတတ်၏
သုဂတော - နိဗ္ဗာန်တွင် အမြဲနိစ္စ အ င်္ခတ ဖြစ်တည်တော်မူသော မြတ်စွာဘုရား။
တေတေဝ - မဘဿရ ရောင်စုံကြွ၍ မိညာဏဓါတ် နိဗ္ဗာန် မြတ်တွင် တည်တော်မူသော မြတ်စွာဘုရားအား။
နမော- ဦးနှိပ်ညွတ်ကျိုး လက်ဆယ်မိုးဖြင့်။
အဟံ- ကျွန်ုပ်သည်
နမာ နမာမိ - ရှိခိုးပါ ၏ ဘုရားဟူ ၍ ဖြစ်ပါသည်။
ပုတီးစိတ်နည်းမှာ သုဂတောငါးချက်ဂါထာတော်ကို တစ်ခေါက်ဆုံးမှ ပုတီးတစ်လုံး ချ၍ ပုတီးတစ်ပတ်ရလျှင် သုဂတောပေါင်း ၅၄၀ ရရှိပါသည်။ သုဂတော ငါးချက်ပါခြင်းကြောင့်ဖြစ်ပါသည်။
သုဂတော ဂုဏ်တော်ကို ပုတီးစိတ်ရာတွင် ဓမ္မခန္ဓာ ၈၄၀၀၀ ရှိသည့်အတွက် သုဂတောပေါင်း ၈၄၀၀၀ ရရှိအောင် ပွားများရပါမည်ဟု အဓိဌာန် ဖြင့်ဆောက်တည်ရန်ဖြစ်ပါသည်။ ပုတီးအပတ် ၁၅၆ ပတ်ရလျှင် ဂုဏ်တော်ပေါင်း ၈၄၀၀၀ ဖြစ်ပါသည်။
သတိထားရမည့် အချက်
အဓိဌာန် စသောနေ့ သည် မိမိတို့ မွေးနံနေ့ ၉ နာရီ ၁၀ မိနစ်မှ ၁၀ နာရီ ၁၀ မိနစ် အချိန်တွင် ဖြစ်ပါက ပိုကောင်းပါ၏ တစ်နေ့လျှင် ၉ ပတ် ရအောင် ပွားများရမည် ဖြစ်ပါသည်။ ၁၇ ရက် စေ့သောအခါ ၁၅၃ ပတ်ရပါသည်။ ကျန်သော ပုတီး ၃ ပတ် ကို ၁၈ ရက် ပြည့်သောနေ့တွင် စိပ်ရန်ဖြစ်ပါသည်။
ဘုရားလှူဒါန်းရန်
အဓိဌာန် ဝင်သောနေ့များတွင် ဆွမ်းတော် ၁၀ ပွဲ၊ရေတော် ၁၀ ခွက် (ဖလား)၊ အလင်းတိုင် ဖယောင်းတိုင် ၁၀ တိုင် ဆက်ကပ်လှူဒါန်းပါ။ငါးပါးသီလ ခံယူစောင့်ထိန်းပြီး လိုရာဆုကိုတောင်းပါ။ အဓိဌာန် အောင်ပါစေ။”ဆယ်မ” လို့ထူးပါစေ အောင်ပါစေဟု ဆုတောင်းပါ။
မှတ်ချက်
သုဂတော ငါးချက် ပုတီးစိပ်နည်းကို စနစ်အတိုင်း အားထုတ်ရန်ဖြစ်ပါသည်။
ရရှိစေနိုင်သော အကျိုးအစွမ်းပကားများကား
(၁) ဘုန်းတန်ခိုး အာနုဘော် ကြီးမားစေခြင်း။
(၂) စကားပြောဆိုရာတွင် ခက်ခဲမှုမရှိဘဲ ပြီးစီးအောင်မြင်နိုင်ခြင်း။
(၃) ပိဋကတ် စာပေတို့ကို တတ်ကျွမ်း နားလည်းလွယ်ခြင်း။
(၄) အခြားသော စကားတို့ကိုလည်း တတ်ကျွမ်းနားလည်လွယ်ခြင်း။
(၅) နေရာဌာန တည်တံ့ခိုင်မြဲ စေနိုင်ခြင်း။
(၆) အပူဒဏ်၊ အအေးဒဏ်တို့ကို ခံနိုင်ရည် ရှိလာခြင်း။
(၇) ရန်သူကို အောင်မြင်ခြင်း။
(၈) စွမ်းအားကြီးမားပြီး သိဒ္ဓိ ဓါတ်ပွင့် လာဘ်ဝင်ခြင်း။
ဟူသော အကျိုးထူး တရား ၈ မျိုး ကိုရရှိစေနိုင်ပါသည်။ ဤ သုဂတော ဂုဏ်တော်ကို ဓမ္မခန္ဓာ ပေါင်း ၈၄၀၀၀ ရှိသည်ဖြစ်၍ ဂုဏ်တော်ပေါင်း ၈၄၀၀၀ ရရှိသောအခါ မိမိတို့၏ စိတ်နေစိတ်ထားတွင် ကျေနပ်ပြီး အားရပီတိ ဖြစ်နေကာ စိတ်ကြည်လင်ပါက ရှေ့သို့ ဆက်လက်ပွားများရန်။
ပထဝီမြေကြီးအဓိဌာန်
မဟာပထဝီမြေကြီးသည် ၂၄၀၀၀၀ နှစ်သိန်းလေးသောင်း အထူရှိသဖြင့် မဟာပထဝီ မြေကြီးဓါတ် တည်စေရန် သုဂတော ဂုဏ်တော်ပေါင်း ၂၄၀၀၀၀ ရရှိအောင်ပွားများရမည်ဖြစ်ပါသည်။
ရရှိနိုင်စေသာေကောင်းကျိုးများ
(၁) မဟာပထဝီမြေကြီးကဲ့သို့ ကြီးကျယ်သော အတတ်များတတ်မြောက်လွယ်ခြင်း
(၂) သည်းခံခြင်းငှာ ခဲယဥ်းသော အတွေ့အကြုံ အာရုံ အမျိုးမျိုးတို့ကို သည်းခံနိုင်စွမ်းရှိလာခြင်း။
(၃) အိုးအိမ်တိုက်တာ၊ ခြံမြေ၊ ဗိမာန်နေရာ တည်တံ့ ခိုင်မြဲစေခြင်း။
(၄) လောကဓံ၏ တိုက်ခိုက်မှုကြောင့် စိတ်ဓါတ်တွင်း ချောက်ခြားမှု နည်းပါး၍ လာစေခြင်း စသော အကျိုးကျေးဇူးများရရှိစေနိုင်ပါသည်။
ပထဝီမြေကြီးအဓိဌာန် ပြီးပါက ရေထုအဓိဌာန် ကို ဆက်လက်ကျင်းပွားနိုင်ပါသည်။
ရေထုအဓိဌာန်
ရေထုမှာ ၄၈၀၀၀၀ လေးသိန်းရှစ်သောင်း ရှိသဖြင့် သုဂတော ဂုဏ်တော်ပေါင်း ၄၈၀၀၀၀ လေးသိန်းရှစ်သောင်း ပွားများရန်ဖြစ်ပါသည်။
ရေထုအဓိဌာန် အကျိုးများ
(၁) မိမိ၏ စိတ်ဓါတ်အစဥ် ကြည်လင်သန့်ရှင်း လာစေခြင်း။
(၂) စိတ်ဓါတ်အစဥ် ကြည်လင်လာသလောက် ကြံစည်ပြောဆို ပြုလုပ်ရာတွင် တွင်ကျယ်ဖြစ်လာစေပြီး ပြောဆိုသမျှ အောင်မြင်မှုတွေ ရလာ စေနိုင်ခြင်း။
(၃) အစားအသောက်နဲ့ပက်သက်၍ ဆာလောင်မွတ်သိပ်သော ဒဏ်ကို ခံနိုင်ရည်ရှိလာစေခြင်း စသော အကျိုးထူးများ ရရှိစေနိုင်ပါသည်။
လေထုအဓိဌာန်
လေထုသည် ၉၆၀၀၀၀ ရှိသဖြင့် သုဂတော ဂုဏ်တော် ပေါင်း ၉ သိန်း ၆သောင်း ရရှိအောင် ပွားများရမည်ဖြစ်ပါသည်။
ရရှိနိုင်သော အကျိုးကျေးဇူးများမှာ
(၁) ကြံစည်ပြောဆို ပြုလုပ်သမျှ တို့၌ ကောင်းမှု ကောင်းတာ အလုပ်တို့၌ အနှောက်အယှက် အဖျက်အဆီးမရှိ ပြီးစီးအောင်မြင်ခြင်း။
(၂) သူတစ်ပါးတို့ ၏ လုံ့လ ပယောဂ ကြောင့် မိမိအား မထိခိုက်စေနိုင်ခြင်း။ နှောက်ယှက် မပေးနိုင်ခြင်းစသော အကျိုးများ ရရှိစေနိုင်ပါသည်။
မီးအဓိဌာန်
မီးဓါတ်သည် ၁၉၂၀၀၀၀ ထုရှိပါသည်။ ထိုမီးဓါတ်ကို ၃၅၆၀ ပတ်စိတ်ရမည်ဖြစ်သည်။ ဤကဲ့သို့ အဓိဌာန်ဖြင့် အဖန်ဖန်အထပ်ထပ် ကြိုးစားအားထုတ်ပါက အမြင်ပေါက်ပြီး အကြားပေါက်ကာ နတ်မျက်စိ
“သိစေရန်ကာ:”
ဤဂုဏ်တော်၏ တန်းခိုး ဣဒ္ဓိပါဒ်ကြီးကျယ်ကြောင်းကို ဘုရားမပွင့်မီ ရှင်ရသေ့ တစ်ဦးအား သိကြားမင်း ပေးလှူသော ဂုဏ်တော်ဖြစ်ကြောင်းကို ဇမ္ဗူဒိပ်ကျွန်းသား ရဟန်းတော်ရှင် အာဒိစ္စရံသီ စီရင်တော်မူသော သုဂတမဂ္ဂဒီပနီ ကျမ်းတွင်တွေ့ရှိရပါသည်။
Comments
Post a Comment