၁။ သီဝလိ စ မဟာနာမံ၊ သဗ္ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဗ္ဗေ ဟောန္တု ပိယံ မမ။
၂။ သီဝလိ စ မဟာဝီရော၊ ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု ပရမံ၊ ဇနပဒံ ပူဇယန္တု။
၃။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။
ဇမ္ဗုဒီပမဏ္ဍလေန၊ ဇယော မန္တာ သုခါဝဟာ။
၄။ သီဝလိ စ မဟာနာမံ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ။
မနုဿပုရိသော ဣတ္ထိ၊ မဟာလာဘံ ဘဝိဿတိ။
၅။ သီဝလိ စ မဟာလာဘံ၊ နာနာ ဒေတိ ဝရံ ဝရံ။
ဣဒမ္ပိ ပူဇိတံ ဒေတိ၊ မဟာသုခံ ဘဝိဿတိ။
၆။ ဝဏ္ဏံ ဒန္တံ နရာတိတ္တိ၊ အာဏာ မယှံ ဘဝေ ဘဝေ။
တဝ ရုက္ခေ ရာဇဓီတာ၊ သဗ္ဗေ ကောဓံ ဝိနဿန္တု။
၇။ သီဝလိ စ မဟာလာဘံ၊ သဗ္ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဒါ ဟောတု ပိယံ မမ။
၈။ သီဝလိ စ မဟာထေရော၊ ယေ ယေ ပဿန္တု မံ ပိယံ။
တေ တေ ပဿန္တု မံ ပိယံ၊ ဇနပဒံ ပူဇိဿန္တိ။
၉။ သီဝလိ စ မဟာထေရော၊ မမ သီသေ ဌပေတွာန။
မန္တတေဇ ဇယောမန္တံ၊ အဟံ ဝန္ဒာမိ သဗ္ဗဒါ။
၁၀။ သီဝလိ စ မဟာထေရော၊ ဒေဝမနုဿပူဇိတော။
သော ရဟော ပစ္စယာဒိနံ၊ မဟာလာဘံ ကရောတု မေ။
၁။ရှင်သီဝလိမထေရ်သည်ကြီးမြတ်သောအလုံးစုံသောလာဘ်ပူဇော်ဟူသမျှကိုဖြစ်စေလတ္တံ။ရှင်သီဝလိမထေရ်မြတ်၏တန်ခိုးတော်တို့ကြောင့်ခပ်သိမ်းကုန်သောလူတို့သည်အကျွန်ုပ်အားချစ်ခင်ကြကုန်ပါစေသတည်း။
၂။ရှင်သီဝလိမထေရ်မြတ်သည်ကြီးမြတ်သောရဲရင့်ခြင်းရှိတော်မူ၏။ရှင်သီဝလိမထေရ်၏တန်ခိုးတော်အားဖြင့်အကြင်သူတို့သည်အကျွန်ုပ်ကိုချစ်ခင်စွာရှုမြင်ကြစေကုန်သတည်း။ထိုသူတို့သည်ထူးမြတ်စွာရှုကြည့်ကြစေကုန်သတည်း။ဇနပုဒ်နေသူများဗိုလ်လူသည်ပူဇော်လာကြစေကုန်သတည်း။
၃။ကြီးမြတ်သောမထေရ်ဖြစ်တော်မူသောရှင်သီဝလိမထေရ်မြတ်သည်လည်းအကျွန်ုပ်၏ဦးခေါင်းပေါ်၌တည်ပါစေသတည်း။ဤသို့တည်နေသောကြောင့်ဇမ္ဗုဒီပါကျွန်းအဝှန်းနှင့်အမျှအောင်မြင်ခြင်းသည်ဖြစ်ပါစေသတည်း။အောင်မြင်ကြောင်းမှန်ဂါထာတို့သည်ချမ်းသာကိုဆောင်ကြသည်ဖြစ်ကြပါစေကုန်သတည်း
၄။ကြီးမြတ်သောနာမရှိတော်မူသောရှင်သီဝလိမထေရ်၏အစွမ်းအာနုဘော်တော်ကြောင့်ဗြဟ္မာနှင့်တကွသောသိကြားနတ်တို့သည်လည်းကောင်းလူယောကျာ်းမိန်းမတို့သည်လည်းကောင်းကြီးစွာသောလာဘ်သပ်ပကာကိုရကြစေသတည်း။
၅။ရှင်သီဝလိမထေရ်မြတ်သည်တောင့်တအပ်သောလာဘ်လာဘကိုအမျိုးမျိုးပေးတတ်၏။မြတ်သောပစ္စည်းဝတ္ထုများကိုလည်းပေးတတ်ပေ၏။အရှင်သူမြတ်၏ဘုန်းတော်ကြောင့်ကြီးမြတ်ချမ်းသာခြင်းသည်ဖြစ်ကြပါစေကုန်သတည်း။
၆။အရှင်မထေရ်၏အဆင်းတော်သည်ယဉ်ကျေးသိမ်မွေ့တော်မူပုံသည်လည်းကောင်းလူတို့အားမရောင့်ရဲစေနိုင်ပါ။အရှင်ဘုရား၏ကျောင်းဆောင်၌ရုက္ခစိုးနတ်သမီးသည်စောင့်ရှောင့်မူမြဲပါစေသတည်း။ခပ်သိမ်းသောသတ္တဝါတို့၏အမျက်ဒေါသကိုပယ်ဖျောက်နိုင်ကြပါစေသတည်း။အကျွန်ုပ်၏အာဏာစက်သည်လည်းဖြစ်စေလိုရာ၌ဖြစ်ပါစေသတည်း
၇။အရှင်မြတ်သည်လည်းကြီးမြတ်သောငလာဘ်လာဘရှိတော်မူ၏။အကျွန်ုပ်အားခပ်သိမ်းသောလာဘ်လာဘသည်ဖြစ်ေစသတည်း။အရှင်မြတ်၏တန်ခိုးတော်ကြောင့်အခါခပ်သိမ်းအကျွန်ုပ်အားလူအပေါင်းတို့ချစ်ခင်မြတ်နိုးကြသည်ဖြစ်ပါစေသတည်း။
၈။အရှင်မြတ်သည်ကြီးမြတ်သောမထေရ်တစ်ပါးဖြစ်တော်မူ၏။အရှင်မြတ်၏တန်ခိုးတော်ကြောင့်အကြင်သူတို့သည်အကျွန်ပ်ကိုချစ်ခင်စွာရှု့ကြည်ကြပါစေသတည်း။ထိုသူတို့သည်အကျွန်ပ်ကိုချစ်ခင်စွာရှု့ကြည့်ကြပါစေသတည်း။ ထိုသူတို့သည်နှစ်သက်စွာကြည့်မြင်ကြပါစေကုန်သတည်း။ဇနပုဒ်ပြည်သူအပေါင်းတို့သည်ပူဇော်ကြပေကုန်သတည်း
၉။ရှင်သီဝလိရဟန္တာသည်မဟာထေရ်မြတ်ဖြစ်တော်မူ၍အကျွန်ုပ်၏ဦးခေါင်းထက်၌တည်ပါစေသတည်း၊တည်နေပြီး၍ထက်မြက်သောအောင်အပ်သောမန္တန်ကိုပေးတတ်သောထိုအရှင်သူမြတ်အားအကျွန်ပ်သည်အမြဲမပြတ်ရှိခိုးပါ၏ဘုရား။
၁၀။အရှင်သီဝလိမဟာထေရ်မြတ်သည်နတ်လူတို့ပူဇော်အပ်သော ပစ္စည်းလေးပါးအစရှိသောပူဇော်အထူးကိုခံယူတော်မူထိုက်သောကြောင့်အကျွန်ုပ်အားလည်းလာဘ်လာဘပေါများခြင်းကိုပြုတော်မူပါစေသတည်း။
Comments
Post a Comment