Skip to main content

Posts

Showing posts from March, 2023

အဋ္ဌာနမေတံဂါထာရွတ်ရခြင်းအကျိုး

မောင်သက်ဦးသည်ကချင်ပြည်နယ်စပ်မြို့တစ်ခုတွင်တာဝန်ကျ နေ သောဝန်ထမ်းတစ်ဦးဖြစ်သည်။သူ၏ဇနီးမှာမဝင်းဝင်းဖြစ်သည်။သူတို့တွင်၃နှစ်အရွယ်သမီးလေးတစ် ယောက်ရှိသည်။သူတို့မိသားစုသည်ရုံးဝန်ထမ်းအိမ်ယာတွင်နေကြသည်။မောင်သက်ဦးလစာနှင့်သူတို့မိသားစုလုံ လောက်စွာစားနိုင်ကြသည်။မဝင်းဝင်းက စေ့စပ် သေချာသူဖြစ်၍ငွေပိုရ အောင်သူတို့ နေ သောအိမ် နောက် ဖေးတွင်ရာသီအလိုက်သီးနှံများစိုက်ထားသည်။မီးဖိုချောင်စရိတ်သက်သာ၍လစဉ်ငွေပိုစုမိသည်။မောင်သက်ဦးရုံးသွားချိန်တွင်မဝင်းဝင်းက တော့ထမင်းဟင်းချက်ကလးထိန်းအိမ်မှု့ကိစ္စများနဲ့သာအချိန်ကုန်ခဲ့သည်။တစ် နေ့မှာမောင်သက်ဦးရာထူးတိုးပါ လေပြီ။ယခုနေ သောမြို့နှင့်၁၅မိုင်ကွာ သောတရုတ်ပြည်နှင့်အနီးဆုံးနယ်စပ်မြို့ကို ပြောင်းရမည်ဖြစ်သည်။မောင်သက်ဦးတို့မိသားစုသည်ယခု နေ သောမြို့ လေးကိုခင်တွယ် ပေမယ့်ဝန်ထမ်းတို့ထုံးစံအတိုင်း ပြောင်းရ လေဦးမည်။ဒီလိုနဲ့မောင်သက်ဦးတို့မိသားစုရာထူးတိုးကျ သောမြို့သို့ ပြောင်းကြ လေပြီ။ပြောင်းရ သောမြို့လေးသည်မြို့ငယ် လေးသာဖြစ်သည်။တရုတ်၊လီဆူ၊ကချင်ရဝမ်၊ဝလူမျိုးများ နေထိုင်ကြသည်။နယ်စပ်အစွန်ဆုံးမြို့ဖြစ်၍မူးယစ် ဆေးသုံးသူလူငယ်များလည်းပါကြသည်။ဒါ ကြောင်းမကြာခဏလုယက်မှု့များဖြစ်ကြသည်။မောင်သက်ဦးတ...

အစွဲ

ဦးမြမောင်သည်အသက်၅၀ ကျော်အမျိုးသားတစ် ယောက်ဖြစ်သည်။သူ၏ဇနီးဒေါ်မမသည်၄၅နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဖြစ်သည်။သူတို့တွင်သားသမီးမရှိကြပါ။ဒါကြောင့်သူတို့ပိုင်သောလယ်ယာများကိုစာရင်းငှားနှင့်ငှား၍လုပ်ကြရသည်။နွားများကိုတော့ဦးမြမောင်ကိုယ်တိုင်ပင် ကျောင်းလေ့ရှိသည်။နွား၅ကောင်ကိုရွာနှင့်မနီးမ ဝေးရှိတောရ ကျောင်း လေး ဘေးကမြက်ခင်း တွေမှာသွား ကျောင်းလေ့ရှိသည်။မနက်၁၁နာရီထမင်းစားပြီးချိန်တွင်ဦးမြ မောင်နွား ကျောင်းသွားသည်။ညနေ၃နာရီခွဲတွင်အိမ်ပြန်လာ လေ့ရှိသည်။တခါတရံနွားကျောင်းသည့်အနီးရှိတောရ ကျောင်းဘုန်းဘုန်းထံသွား ရောက်၍လည်းဂါဝရပြုတတ်သေးသည်။တောရကျောင်းရှိကပ္ပိယကြီးနှင့်လည်းစကားလက်ဆုံကျတတ်သေးသည်။ဒေါ်မမကတော့ တောရ ကျောင်းသို့ဆွမ်းဝတ်ကျမှသာဆွမ်းပို့ရောက် တော့သည်။ညနေနွားသိမ်းပြီးအိမ်ပြန်ချိန်တွင်လမ်းမှာတွေ့သောတောပန်းလှလှလေးများကိုသူ့ဇနီးအတွက်ခူးခဲ့တတ် သေးသည်။အထူးသဖြင့် ဆောင်းရာသီ အေးချိန်ပွင့်တတ် သောခအုံးပန်းဟု ခေါ်သောပန်းဖြူဖြူ လေးများဖြစ်သည်။ထိုပန်းဖြူဖြူမွှေးမွှေးလေးများကိုဇနီးသည်ဒေါ်မမအလွန်ကြိုတ်သည်။အိမ်ပြန် ရောက် ရေမိုးချိုးပြီးချိန်ဇနီး၏သနပ်ခါးဖွေးဖွေးပန်းမွှေးမွှေးနှင့်မြင်ရသည်မှာဦးမြ မောင်အတွက်မရိုးနိုင် သ...